Thursday, December 7, 2023
HomeEntertainmentအိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ ခင်ပွန်းဖြစ်သူကြောင့် မိသားစုပြိုကွဲခဲ့ရတဲ့ အိမ်ထောင်ရေးပညာပေး ဇာတ်ကားကောင်း 'မောင့်အိမ်သူ'

အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ ခင်ပွန်းဖြစ်သူကြောင့် မိသားစုပြိုကွဲခဲ့ရတဲ့ အိမ်ထောင်ရေးပညာပေး ဇာတ်ကားကောင်း ‘မောင့်အိမ်သူ’

‘မောင့်အိမ်သူ’ ရုပ်ရှင်ဇာတ်ကားဟာ အိမ်ထောင်ရေးဖောက်ပြန်မှုအကြောင်း ရိုက်ကူးပြသထားတဲ့ အိမ်ထောင်ရေး ပညာပေးဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ သီတာလင်း ကရိုက်ကူးပုံဖော်ထားပြီး အကယ်ဒမီ လူမင်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်နဲ့ လှယဉ်ကျေးတို့က အဓိကပါဝင်ထားကြကာ တခြားသရုပ်ဆောင်များစွာကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။

image source: Viu

အိမ်ထောင်ရှင်တိုင်းကြည့်သင့်တဲ့ ဒီဇာတ်ကားဟာ ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကြောင့် ပျော်ရွှင်ဖွယ်မိသားစုဘဝလေး တစ်စစီပြိုကွဲပျက်စီးသွားရတဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ မိန်းမဖြစ်သူကို နေရာတကာမှာလိုက်ချုပ်ချယ်တယ်၊ အလုပ်ပင်ပန်းတယ်၊ မွန်းကျပ်ပိတ်လှောင်တယ်ဆိုတဲ့ ခံစားချက်တွေဖြင့် ခြေလှမ်းတွေစမှားလာခဲ့ပြီး အပျော်အပါးလိုက်စားရာကနေ အပျက်ဖြစ်ခဲ့ရကာ နောက်ဆုံးမှာ မိန်းမကိုဆုံးရှုံးလိုက်ရရုံသာမက သားသမီးတွေရဲ့ရင်ထဲကို ဘယ်တော့မှမမေ့နိုင်မဲ့ ဒဏ်ရာဒဏ်ချက်တွေရိုက်သွင်းခဲ့တဲ့ ခင်ပွန်းဖခင်တစ်ယောက်ရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေနဲ့ နောင်တတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

image source: Viu

ဒီဇာတ်ကားဟာ အိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့ သစ္စာမရှိတဲ့အမျိုးသားကြောင့် ယူကျုံးမရဖြစ်ခဲ့ရပြီး နောက်ဆုံးမှာ အသက်ဆက်မရှင်ချင်လောက်တဲ့အထိ နာကျင်ခံစားခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အမျိုးသမီးတွေဟာ အရာအားလုံးကိုခွင့်လွှတ်နိုင်ပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကိုတော့ လုံးဝလက်မခံနိုင်တတ်ကြတာဖြစ်ပြီး တကယ်လို့ ဒီလိုကိစ္စမျိုး ကြုံလာခဲ့ရရင်တောင် ပညာသားပါပါ ပြတ်ပြတ်သားသားနဲ့ ဖြေရှင်းနိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ရေးပညာပေးဇာတ်ကားကောင်း ‘မောင့်အိမ်သူ’ ရုပ်ရှင်ဇာတ်ကားကို အခုပဲ https://www.viu.com/ott/mm/mya တွင် စဆုံးဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d