Thursday, December 7, 2023
HomeEntertainmentအိမ်ထောင်သည်ဘဝကို စိတ်ပျက်နေခဲ့ကြသူနှစ်ဦးရဲ့ ဆန်းကြယ်တဲ့ကံကြမ္မာကို ကြည့်ရှုကြရမဲ့ 'အတိတ်က ချစ်နေ့စွဲများ'

အိမ်ထောင်သည်ဘဝကို စိတ်ပျက်နေခဲ့ကြသူနှစ်ဦးရဲ့ ဆန်းကြယ်တဲ့ကံကြမ္မာကို ကြည့်ရှုကြရမဲ့ ‘အတိတ်က ချစ်နေ့စွဲများ’

‘အတိတ်က ချစ်နေ့စွဲများ’ ဇာတ်လမ်းတွဲကို Kwon Hye Joo နဲ့ Im Yeon Soo တို့က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Ha Byung Hoon က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီစိတ်ကူးယဉ် အချစ်ဟာသဘဝ ဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီးချော Jang Na Ra နဲ့ မင်းသား Son Ho Jun တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Heo Jung Min, Han Bo Reum, Jang Ki Yong, Go Bo Gyeol နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်အားဖြည့်ထားကြပါတယ်။

image source: Viu

ဒီဇာတ်လမ်းလေးဟာ အသက် 38 နှစ်အရွယ် အိမ်ထောင်သည်စုံတွဲ Choi Ban Do နဲ့ Ma Jin Joo တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စုံမက်မှုကြောင့် လက်ထပ်ပေါင်းသင်းခဲ့ကြပေမဲ့ အခုအချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးကာ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ခဲ့ကြတာကို နောင်တရနေခဲ့ကြပါတယ်။ ခင်ပွန်းသည် Choi Ban Do ဟာ ပိုက်ဆံရှာဖွေကျွေးမွေးနေရတဲ့ တာဝန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေခဲ့ပြီး ဇနီးသည် Ma Jin Joo ကတော့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုပျောက်ဆုံးနေတဲ့ အိမ်ရှင်မတစ်ဦး ဖြစ်လာခဲ့တာဖြစ်ပါတယ်။

image source: Viu

ဒါပေမဲ့ တစ်ခါတလေမှာ ကံကြမ္မာက ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပေးတတ်တာ ဖြစ်ပါတယ်။ ဒီအိမ်ထောင်ရှင်စုံတွဲဟာ သူတို့နှစ်ယောက် ပထမဆုံးတွေ့ဆုံခဲ့ကြတဲ့အချိန် အသက် 20 အရွယ် တက္ကသိုလ်ကျောင်းသားတွေအဖြစ် အချိန်တွေနောက်ပြန်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်က သူတို့တွေ မှားယွင်းစွာရွေးချယ်မိခဲ့တယ်လို့ ထင်နေခဲ့တဲ့ ဒီလမ်းကို မရွေးချယ်မိစေဖို့ တားဆီးနိုင်ပါ့မလား၊ လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် မချစ်မိဖို့စွမ်းဆောင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ‘အတိတ်က ချစ်နေ့စွဲများ’ အချစ်ဒရာမာဇာတ်လမ်းတွဲလေးကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d