Saturday, April 20, 2024
HomeEntertainmentဖခင်ဖြစ်သူရဲ့သေဆုံးမှုအတွက် ကလဲ့စားချေမှုကိုကြည့်ရမယ့် Eve ဇာတ်လမ်းတွဲ

ဖခင်ဖြစ်သူရဲ့သေဆုံးမှုအတွက် ကလဲ့စားချေမှုကိုကြည့်ရမယ့် Eve ဇာတ်လမ်းတွဲ

ကလဲ့စားသရဖူ (Eve) ကိုးရီးယားဇာတ်လမ်းတွဲတွင် မင်းသမီး Seo Yea-ji, Yoo Sun, မင်းသား Lee Sang-yeob နဲ့ Park Byung-eun တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ 2022 ခုနှစ် ဇွန်လတွင် စတင်ထုတ်လွှင့်ပြသခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ တစ်နိုင်ငံလုံးကို အံ့သြထိတ်လန့်စေခဲ့တဲ့ ဝမ်နှစ်ထရီလီယံတန် ကွာရှင်းပြတ်စဲမှုအကြောင်းကို ဇာတ်လမ်းဖန်တီးထားခဲ့တာပါ။

Instagram

ကလဲ့စားသရဖူ (Eve) ဇာတ်လမ်းတွဲတွင် Seo Yea-ji က ဇာတ်ကောင် Lee Rael အဖြစ်ပါဝင်ထားတာဖြစ်ပြီး ဉာဏ်ကြီးရှင်သိပ္ပံပညာရှင်တစ်ဦးရဲ့ သမီးဖြစ်သူ အသက် 28 နှစ်အရွယ် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ 13 နှှစ်က သူမရဲ့ဖခင်သေဆုံးမှုကြောင့် ပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပြိုပျက်သွားခဲ့ပြီး သူမဟာ ဖခင်သေဆုံးမှုကို ကြိုးကိုင်တဲ့အဓိကတရားခံတစ်ဦးဖြစ်တဲ့ Kang Yoon-gyeom ကို လက်စားချေနိုင်ဖို့ 13 နှစ်ကြာကြံစည်ကြိုးပမ်းလာခဲ့တာပါ။ မထင်မှတ်ဘဲ သူမဟာ Yoon-gyeom ကို တဖြည်းဖြည်းချစ်မိသွားခဲ့ပြီး လက်စားချေလိုမှုနဲ့ သူမရဲ့ခံစားချက်တွေကြား ဒွိဟဖြစ်စေခဲ့ပါတယ်။

Instagram

မင်းသား Park Byung-eun ကို ဒီဇာတ်လမ်းတွဲတွင် Kang Yoon-gyeom အဖြစ် တွေ့မြင်ရမှာဖြစ်ပြီး အသက် 41 နှစ်အရွယ် LY Group ရဲ့ အမွေဆက်ခံသူတစ်ယောက်ဖြစ်ကာ Han So-ra ရဲ့ခင်ပွန်းလည်းဖြစ်ပါတယ်။ ဇာတ်ကောင် Han So-ra အဖြစ် မင်းသမီး Yoo Sun ကပါဝင်ထားတာဖြစ်ပြီး အသက် 45 နှစ်အရွယ်သူမဟာ တောင်ကိုးရီးယားရဲ့ ရာထူးအမြင့်ဆုံး နိုင်ငံရေးသမားရဲ့သမီးပဲဖြစ်ပါတယ်။ မင်းသား Lee Sang-yeob ကိုတော့ အသက် 38 နှစ်အရွယ် လူ့အခွင့်ရေးရှေ့နေဟောင်း အမျိုးသားလွှတ်တော်ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Seo Eun-pyung အဖြစ် မြင်တွေ့ရမှာပါ။

ဖခင်ဖြစ်သူအတွက် လက်စားချေလိုတဲ့ ဆန္ဒနဲ့ သူမရဲ့အချစ်ကြား Lee Rael တစ်ယောက် ဘယ်လိုတွေ ဆက်လုပ်ဆောင်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်း တစ်ခုဖြစ်ပါတယ်။

ကလဲ့စားသရဖူ (Eve) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading