Wednesday, April 24, 2024
HomeEntertainmentအသစ်စက်စက်ထွက်ရှိလာခဲ့တဲ့ အချစ်မိသားစု ထိုင်းဒရာမာဇာတ်လမ်းတွဲ ‘The Three Gentle Bros’

အသစ်စက်စက်ထွက်ရှိလာခဲ့တဲ့ အချစ်မိသားစု ထိုင်းဒရာမာဇာတ်လမ်းတွဲ ‘The Three Gentle Bros’

‘The Three Gentle Bros’ ဇာတ်လမ်းတွဲဟာ Hideko_Sushine ရဲ့ဝတ္ထုကို အခြေခံပြီး ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ 2022 ခုနှစ်ထွက် အသစ်စက်စက် ထိုင်းဒရာမာဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီးကြီး Kathaleeya McIntosh, မင်းသားချော Luke Ishikawa Plowden, Tawan Vihokratana, Atthaphan Phunsawat, မင်းသမီးချော Worranit Thawornwong, Sutatta Udomsilp, နဲ့ Rachanun Mahawan တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Pinterest

‘The Three Gentle Bros’ ဇာတ်လမ်းတွဲကို ဒါရိုက်တာ Koo Ekkasit Trakulkasemsuk နဲ့ Pantip Vibultham တို့ကရိုက်ကူးထားတာဖြစ်ကာ GMMTV မှ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံတွင် October 10, 2022 ကနေစတင်ပြီး အပတ်စဉ် တနင်္လာ၊ အင်္ဂါနေ့တွေမှာ GMM 25 နဲ့ Viu online platform တို့တွင် စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ကာ အပိုင်း 18 ပိုင်းပါဝင်တာ ဖြစ်ပါတယ်။

pinterest

ဇာတ်လမ်းပုံစံကတော့ အချစ်ကံခေတဲ့ တစ်ကိုယ်တော်မိခင် Mrs. Pinpattra (Kathaleeya McIntosh) နဲ့ သူမရဲ့သားသုံးယောက်ဖြစ်တဲ့ Ichaya ( Luke ), ML Tewis ( Tei ), Ashira ( Phun ) တို့ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ဆက်တွေများခဲ့ပြီး ခင်ပွန်းတစ်ယောက်စီနဲ့ရထားတဲ့ သားသုံးယောက်ရှိတာဖြစ်ပါတယ်။ သားသုံးယောက်ကို အရမ်းချစ်တဲ့ မိခင်ဖြစ်သူ Mrs. Pinpattra ဟာ သူမရဲ့သားသုံးယောက်အတွက် ပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက်တွေကို ရှာဖွေရန်ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

Pinterest

ဒါပေမယ့် သူမရဲ့သားသုံးယောက်က သူမရဲ့အစီအစဉ်ကို သဘောမကျတာဖြစ်ကာ နောက်တွင် သူမသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ချစ်သူမိန်းကလေးသုံးယောက်ကို ခေါ်ဆောင်လာခဲ့ကြတာပါ။ မိခင်နဲ့ သားသုံးယောက်ကြား သဘောထားတွေ မတိုက်ဆိုင်တော့တဲ့အခါ သူတို့ရဲ့မိသားစုမှာ ဘာတွေဆက်ဖြစ်လာမလဲ မိခင်ဖြစ်သူနဲ့ သားသုံးယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် မိသားစုအချစ်ဇာတ်လမ်းလေးဖြစ်ပြီး ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကိုတော့ https://www.viu.com/ott/mm/mya/all/ တွင် အခုပဲကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading