လူတွေဟာ သူများထက် ဉာဏ်ကောင်းချင်ကြတယ်၊ တော်ချင်ကြတယ်၊ ထက်မြက်ချင်ကြတယ်။
ဒါကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီလူတွေဟာ ကိုယ့်ရှေ့မှာ တော်နေတဲ့သူတွေ၊
ထက်မြက်တဲ့သူတွေ၊ ဉာဏ်ကောင်းတဲ့သူတွေဟာ တစ်ခြားဘာတွေ လုပ်သေးလဲဆိုတာကိုတော့
စိတ်ဝင်စားမှု နည်းကြပါတယ်။ အခု ဖော်ပြမဲ့ အရာတွေကတော့ သင် လိုက်ပြီးလုပ်တာနဲ့ သင့်ကို
ပိုပြီး တော်စေ၊ ထက်မြက်စ၊ ဉာဏ်ကောင်းစေနိုင်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
1. တေးဂီတတူရိယာတစ်မျိုးမျိုးကို တီးခတ်ပါ။

မတီးတတ်သေးရင်လည်း တီးတတ်အောင် သင်ယူပေါ့။ ဂစ်တာပဲဖြစ်ဖြစ်၊ စန္ဒယားပဲဖြစ်ဖြစ် မိမိ
ကြိုက်နှစ်သက်ရာကို သင်ယူပြီး အားချိန်ရတိုင်း သီချင်းစသည်တို့ကို တီးမှုတ်ပေးပါ။ ဂီတဟာ
သင့်မှာ ရှိတဲ့ ဖိအားတွေကို လျှော့ချပေးနိုင်သလို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ချဖို့ရှိလာရင်
လည်း တည်တည်ငြိမ်ငြိမ် ဖြစ်နေပါလိ့မ်မယ်။
2. စာဖတ်ပါ
စာဖတ်တာကိုတော့ လူတိုင်း သိပြီးသားပဲ။ ဒီစာတွေထဲကပဲ လူတွေဟာ သူတို့မရှင်းသေးတဲ့
အဖြေတွေ၊ သူတို့ နားမလည်သေးတဲ့ သီအိုရီတွေ၊ သူတို့ မမှတ်မိသေးတဲ့ ဥပဒေသတွေကို သိနိုင်
သလို သုတ၊ ရသ အစုံရနိုင်တဲ့ အလေ့အထကောင်းလေးပါ။
3. တရားထုိင္ပါ

မဂ်ပေါက်ဖိုလ်ပေါက် ဖြစ်အောင် ထိုင်ခိုင်းတာမဟုတ်ပါဘူး။ ထိုင်နိုင်ရင်တော့ ကောင်းတာပေါ့နော်။
အခုပြောချင်တာက တရားထိုင်တဲ့ဆီကနေ ရနိုင်တဲ့ အကျိုးတွေပါ။ တရားထိုင်တဲ့သူမှာ အာရုံစူးစိုက်
မှုအားကောင်းတယ်၊ တည်ငြိမ်တယ်၊ ရဲရင့်တယ်၊ ဆုံးဖြတ်မှုစွမ်းအားတိုးတတ်တယ် စတဲ့ ကောင်းကျိုး
တွေ ရရှိပါတယ်။
4. ဦးနှောက်ကိုအလုပ်ပေးပါ
ဒါကတော့ ဦးနှောက်ကို ပြဿနာတွေ များများ စဉ်းစားခိုင်းတာပါဘဲ။ နောက် စိတ်ပိုင်းဆိုင်ရာ ဂိမ်း
အမျိုးမျိုးတွေ၊ ဉာဏ်စမ်းပဟေဋ္ဌိတွေ စတာတွေလည်း ပါဝင်ပါတယ်။ ဒီလို စဉ်းစားတဲ့ကျင့်သားကို
ရပြီးသားဖြစ်သွားတဲ့ ဦးနှောက်ဟာ နောင်အခြေအနေမှာ ပြဿနာတစ်ခုခု ဆုံတိုင်း သူ့ဘာသာသူ
အလိုလျှောက်ပြဿနာတွေအတွက် အဖြေရှာတဲ့အကျင့်ပါ ရသွားပါလိ့မ်မယ်။
5. ကာယလေ့ကျင့်ခန်း မကြာမကြာလုပ်ပါ
အကောင်းဆုံးကတော့ မနက်ပိုင်းပေါ့။ မနက်ပိုင်း အခြား အာရုံကြောတွေ တုန့်ဆိုင်းနေတဲ့အချိန်မှာ
ပေါ့ပေါ့ပါးပါး ကာယလေ့ကျင့်ခန်းလေးတွေ လုပ်ပေးရင် သွေးလည်ပတ်မှုအားကောင်းပြီး ဦးနှောက်
ဖွံ့ဖြိုးမူကို အထောက်အကူ ပြုပါတယ်။ လူလည်း ဖြတ်လတ်ကျန်းမာပြီး အသက်ရှည်စေမှာပါ။
6. ဘာသာစကားအသစ်တစ်မျိုးမျိုးကိုသင်ယူပါ
ဘာသာစကားအသစ်သင်ယူတယ်ဆိုတာ လွယ်တဲ့အရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီသင်
ယူခြင်းရဲ့ ကောင်းကျိုးတွေကိုတော့ သင် ရပါလိ့မ်မယ်။ ဘာသာစကားသင်တဲ့အခါ သဒ္ဒါဆိုင်ရာ
စည်းမျဉ်းတွေ၊ စကားလုံးအသစ်တွေ၊ ဝါကျတည်ဆောက်ပုံတွေ စတာတွေဟာ သင့်ဦးနှောက်
ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ကို တိုးတက်စေပါတယ်။
7. ကိုယ်ခံစားရသမျှကို ချရေးပါ
ဒိုင်ယာရီပဲဖြစ်ဖြစ်၊ သာမာန်ရေးရိုးရေးစဉ်စာသဘောမျိုးပဲဖြစ်ဖြစ် ကိုယ်ခံစားရသမျှတွေ၊ ကိုယ့်
အတွေ့အကြုံတွေကို မှတ်တမ်းသဘောမျိုး ပြုစုထားခြင်းဟာ သင့် ဉာဏ်ရည်ကို တိုးတတ်စေ
ပါတယ်။ မြင်သာစေတဲ့ ထူးခြားချက်အနေနဲ့ကတော့ သင် ပြီးခဲ့တဲ့နှစ်က ရေးထားတဲ့အရေး
အသားထက် … သင် မနေ့ကရေးတဲ့အရေးသားက စကားလုံးတွေ ပိုလှနေတာကို တွေ့ရမှာပါ။
ဒါက ဦးနှောက်ကို ကောင်းကောင်းအသုံးချတဲ့အပေါ်မူတည်ပြီး ဖြစ်လာတာလို့ မှတ်ယူလို့ရပါ
တယ်။
8. ခရီးထွက်ပါ

အားတဲ့အခါ ခရီးထွက်ပါ သာမာန်အားဖြင့်တော့ ဒေသန္တရဗဟုသုတ ရနိုင်တယ်ပေါ့။ ဒီထက်
အလေးအနက်ပြောရရင် အတွေးခေါ်သစ်တွေ၊ ဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ လက်ဆက်
တဲ့ အသိတရားတွေ ရနိုင်ပါတယ်။
9. ချက်ပြုတ်ခြင်းကို ထုံမွေ့ပါ
တစ်ချို့က ယောက်ျားလေးဆို မချက်ရမပြုတ်ရတော့ဘူးလို့ တွေးနေတဲ့ အတွေးမှားတွေ ရှိပါ
တယ်။ ဒီအတွေးတိုင်းသာဆိုရင် ကမ္ဘာကျော်စာဖိုမှူးတွေဟာ မိန်းမတွေပဲ ဖြစ်ဖို့ ကောင်းပါ
တယ်။ ဒီတော့ ဘယ်သူပဲဖြစ်ဖြစ် ချက်တာပြုတ်တာမျိုးလေးတွေ လုပ်ပေးသင့်တယ်။ ဟင်းလျှာ
စီမံခန့်ခွဲမှုမှသည် တိုင်းပြည်ကြီး၏အနာဂတ်စီမံမှုဆီသို့-လို့တောင် ကြီးကြီးကျယ်ကျယ် ခေါင်း
စဉ်တပ်လို့ရပါတယ်။ ဟုတ်ပါတယ်။ ဟင်းချက်တဲ့သူတွေဟာ စီမံခန့်ခွဲမှုမှာ ပိုင်နိုင်ကြပါတယ်။
10. အားကစားလှုပ်ရှားမှုတွေမှာ ပါဝင်ပါ
ဒါက နံပတ် 5 အချက်နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လုံးဝဥဿုံကြီးတူတာတော့ မဟုတ်ပါဘူး။
ဒီအချက်မှာတော့ အများနဲ့ စုပေါင်းလုပ်ရတဲ့ အားကစားကို ဆိုလိုပါတယ်။ ဒီကနေမှ အသင်း
အဖွဲ့နဲ့လုပ်တဲ့ လှုပ်ရှားမှုမျိုးမှာ အခက်အခဲမရှိမှာဖြစ်ပြီး ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ ကိုယ်ကာ
ယကြံ့ခိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။
နတ်စည်တော် (Myanmar Online Media)
Source: lifehack.org