စာအုပ်စာပေ လူ့မိတ်ဆွေဆိုတဲ့ ဆိုရိုးစကားတိုင်း စာအုပ်စာပေဆိုတာ လူသားတိုင်းအတွက် မိတ်ဆွေ ကောင်းတစ်ယောက်ပါပဲ။ လက်တွေလောကမှာ ကိုယ်မကြုံတွေ့လာရသေတဲ့ အရာတွေ၊ ကိုယ်မသိတဲ့ အရာတွေ၊ ကိုယ်လိုချင်တဲ့ ဗဟုသုတတွေကို ဒီစာအုပ်တွေထဲကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ စာအုပ်ဆိုတာ အနည်းဆုံး တစ်နေ့ကို တစ်အုပ်ပဲ သင်အသက်ရှင်နေသရွေ့ ဖတ်နေရင်တောင် သင့်အတွက် ရရှိမယ့် အကျိုးကျေးဇူးတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ စာဖတ်ခြင်းကြောင့် သင်ကိုယ်တိုင် ရရှိနိုင်မယ့် အကျိုးကျေးဇူး ၅ ခုကို Shwemom က စာဖတ်ပရိသတ်ကြီးသိအောင် ပြောပြပေးချင်ပါတယ်။

၁။ စာဖတ်ခြင်းကသင့်ရဲ့ တွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်
စာဖတ်လေ့ ဖတ်ထရှိတဲ့ လူတစ်ယောက်နဲ့ စာလုံးဝမဖတ်ဖူးတဲ့ လူတစ်ယောက် စကားလက်ဆုံပြောရင်တောင်မှ စာဖတ်လေ့ဖတ်ထ မရှိတဲ့ လူက စာဖတ်တဲ့ လူရဲ့ စကားနောက်ကို အလိုလိုနေရင်း ရောက်သွားတတ်ပါတယ်။ အဓိက အကြောင်းအရင်းကတော့ စာဖတ်တဲ့ လူရဲ့ တွေးခေါ်နိုင်စွမ်းဟာ အလိုလိုနေရင်း မြင့်တက်နေလို့ပဲ ဖြစ်ပါတယ်။
၂။ စာဖတ်ခြင်းကြောင့်သင်ယူနိုင်စွမ်း ပိုအားကောင်းလာပါတယ်
လူတစ်ယောက်ဟာ အသက်ကြီးလာလေလေ၊ သင်ယူနိုင်စွမ်းလျော့ကျလေလေပါပဲ။ နေ့စဉ်စာအုပ်ပုံမှန်ဖတ်နေတဲ့ လူဟာ သူမသိတဲ့ အကြောင်းအရာတွေကို သူဖတ်တဲ့ စာအုပ်တွေကနေ သိရှိနားလည်ပြီး အဲဒီစာအုပ်တွေထဲကနေပြီးတော့ပဲ သူ့နည်းသူ့ဟန်နဲ့ သင်ယူသွားနိုင်ပါတယ်။ အဲဒါလို အလေ့အထရှိတဲ့ လူစ်ယောက်ဟာ အသက်ဘယ်လောက်ကြီးကြီး သူ့ရဲ့ သင်ယူနိုင်စွမ်းက လုံးဝလျော့မကျသွားပါဘူး။

၃။ စာဖတ်ခြင်းကသင့်ရဲ့စိတ်ဖိအားတွေကို အတော်အတန် လျော့ကျစေနိုင်ပါတယ်
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင်တော့ နာရီဝက်လောက် စာအုပ်တစ်အုပ်ကို အာရုံစူးစိုက်ပြီး ဖတ်လိုက်တာနဲ့ စိတ်ဖိအားတွေ တော်တော်လေး လျော့ကျသွားစေနိုင်ကြောင်း သိရပါတယ်။ ကိုယ်ဟာ ကိစ္စတစ်ခုခုကြောင့် စိတ်ဖိအားတွေများပြီး မတွေးတောနိုင်ရင် စာအုပ်တစ်အုပ်ကို အချိန်ယူပြီး နာရီဝက်လောက် ဖတ်ကြည့်လိုက်ပါ။ အဲဒီနောက်မှာတော့ သင်စိတ်ပူနေတဲ့ ကိစ္စကို စာမဖတ်ခင်အချိန်နဲ့ ပြန်လည်ဆန်းစစ်ကြည့်ပါ။ စာဖတ်နေတဲ့ အချိန်အတွင်း စိတ်ဖိအားတွေဟာ မသိမသာတော်တော်လေး လျော့ကျသွားတယ်ဆိုတာကို သင်သတိထားမိပါလိမ့်မယ်။
၄။ စာဖတ်ခြင်းကြောင့် သင့်ကို အသက်ပိုရှည်စေနိုင်ပါတယ်
၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုအရ ဆိုရင်တော့ စာဖတ်တဲ့ လူတွေဟာ စာမဖတ်တဲ့ လူတွေထက် ပိုပြီးအသက်ရှည်ရှည်နေရတာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒီကိစ္စရဲ့ အဖြကတော့ ရှင်းပါတယ်။ အပေါ်မှာ ရှင်းပြထားတဲ့အတိုင်း စာဖတ်နေကျ လူတစ်ယောက်ဟာ အမြဲလိုလို စိတ်ကျန်းမာနေပြီး စိတ်ဖိအားတွေအောက်ကနေ အလိုလို ရုန်းထွက်ပြီးသားဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

၅။ စာဖတ်ခြင်းကသင့်ရဲ့ မှတ်ဉာဏ်နဲ့အာရုံစူးစိုက်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်
လူတစ်ယောက်ရဲ့ မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုဟာ အရမ်းအရေးကြီးပါတယ်။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင်တောင် ဘယ်ကိစ္စမဆို အာရုံစူးစိုက်ပြီး မှတ်ဉာဏ်ကောင်းဖို့ လိုအပ်ပါတယ်။ စာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ အခါမျိုးမှာတောင် စာအုပ်ပေါ်မှာရှိတဲ့ စကားလုံးတိုင်းသေသေချာချာ လိုက်ဖတ်ပြီး သင့်ရဲ့ အာရုံစူးစိုက်မှုကို လေ့ကျင့်နိုင်ပါတယ်။
Pyi Hein Kyaw