
ရုပ်ရှင်တွေဟာ လူတွေရဲ့ စိတ်ကို အပန်းဖြေပေးနိုင်တဲ့ Entertainment တစ်ခု ဖြစ်ရုံသာမက ရုပ်ရှင်ဇာတ်ကားတိုင်းလိုလိုမှာ ရသမျိုးစုံပါဝင်ပါတယ်။ Action, Comedy, Horror, Scientific, Drama အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ လူအများစုကြိုက်နှစ်သက်တဲ့ ဇာတ်ကားအမျိုးအစားတွေပါပဲ။ ဒီနေ့မှာ ပြောပြချေင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အကြောင်းကတော့ လက်တွေ့ဘဝမှာ ရှိခဲ့ဖူးတဲ့ သိပ္ပံပညာရှင်တွေရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်ဇာတ်ကားလေး ၅ ကားအကြောင်းပဲ ဖြစ်ပါတယ်။
၁။ The Imitation Game
၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Imitation Game ဇာတ်ကားကတော့ တစ်ချိန်တုန်းက ဗြိတိန်သင်္ချာပါရဂူကြီးတစ်ယောက်ဖြစ်တဲ့ Alan Turing ရဲ့ ဘဝအကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Morten Tyldum က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ မင်းသားကြီး Benedict Cumberbatch က Alan Turing နေရာမှာ ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းအရာကတော့ ဂျာမနီက လုံးဝဖြေရှင်းလို့မရတဲ့ ဝှက်စာတစ်ခုကို Alan Turing နဲ့ သူ့ရဲ့ နောက်လိုက် သင်္ချာပညာရှင်တွေက ဖြေရှင်းဖို့အတွက် စက်တစ်ခုတီထွင်ခဲ့တဲ့အြေ့ာင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကတော့ အမေရိကန်သင်္ချာပညာရှင်ကြီး Nobel Laureate John Nash အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ Biography ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားဟာ ပြသချိန် ၂ နာရီနဲ့ မိနစ် ၂၀ ကြာပြီး ဒါရိုက်တာ Ron Howard က ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်မင်းသားနေရာက ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Russel Crowe ကတော့ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အကယ်ဒမီဆု ၄ ဆုအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
၃။ Hidden Figures
ဒီဇာတ်ကားကတော့ Women Power အကြောင်းကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ပေးခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အမေရိကန်ရဲ့ လကမ္ဘာခရီးစဉ်အတွက် အာကာသယာဉ်တင်လွှတ်ဖို့ အခက်အခဲဖြစ်နေချိန်မှာ အာဖရိကန်-အမေရိကန် အမျိုးသမီး ၃ ဦးက မထင်မှတ်ပဲ ဝင်ရောက်ကူညီခဲ့ရာကတော့ နောက်ဆုံးမှာတော့ NASA သမိုင်းမှာ အောင်မြင်မှုကြီးတစ်ခု ရရှိသွားတဲ့အကြောင်းကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီး ၃ ယောက်စလုံးဟာ အပြင်မှာ တစ်ကယ်ရှိခဲ့ပြီး NASA ရဲ့ သမိုင်းမှာ မှတ်တမ်းဝင်ခဲ့တဲ့ အမျိုး သမီး ၃ ယောက်ပဲ ဖြစ်ပါတယ်။
နာမည်ကြီး ဒါရိုက်တာ James Marsh က ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားကတော့ Stephen Hawking ရဲ့ လူငယ်ဘဝကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ Stephen Hawking ရဲ့ နေရာမှာတော့ မင်းသား Eddie Redmayne က သရုပ်ဆောင်ပြီး ဒီဇာတ်ကားဟာ အကယ်ဒမီဆုတွေကို သိမ်ပိုက်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် လူတိုင်းကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ်။
၅။ The Man Who Knew Infinity
ဒီဇာတ်ကားကတော့ နာမည်ကြီး အိန္ဒိယသင်္ချာပညာရှင်ကြီး Srinivassa Ramanujan အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Matthew Brown က ရိုက်ကူးခဲ့ပြီး Box office အနေနဲ့ အမေရိကန်ဒေါ်လာ ၁၂.၃ မီလီယံအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။
Pyi Hein Kyaw