Wednesday, October 4, 2023
HomeLifestyleချစ်သူမိန်းကလေး ကိုယ့်အပေါ် စိတ်မပျက်ရအောင် မဖြစ်မနေ ဂရုစိုက်သင့်တဲ့အချက်(၅)ချက်

ချစ်သူမိန်းကလေး ကိုယ့်အပေါ် စိတ်မပျက်ရအောင် မဖြစ်မနေ ဂရုစိုက်သင့်တဲ့အချက်(၅)ချက်

Relationship တစ်ခုမှာ ကိုယ့်ချစ်သူမိန်းကလေးနဲ့ ကိုယ်နဲ့ ချစ်သူတွေဖြစ်နေပြီဆိုတာနဲ့ ဒီအတိုင်း မပြီးပါဘူး။ မိန်းကလေးတွေဆိုတာ အရာရာကို စိတ်ပျက်လွယ်သလို တစ်ခုခုဆိုရင် ကောင်လေးတွေထက် ပိုပြီးခံစားတတ်ပါတယ်။ ဒါ့ကြောင့် ငါနဲ့သူနဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေရင်ပြီးရောဆိုပြီး ဒီအတိုင်း ထားလို့ မရပါဘူး။ ဒါ့ကြောင့် ဒီနေ့မှတော့ အမျိုးသားတစ်ယောက်အနေနဲ့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်အပေါ် စိတ်ဝင်စားမှုတွေ မလျော့နည်းအောင်၊ စိတ်မပျက်ရအောင် သေသေချာချာ ဂရုစိုက်သင့်တဲ့ အချက်လေး ၅ ချက်ကို ပြောပြပေးသွားချင်ပါတယ်။

man in white dress shirt holding suit jacket
Photo by Chloe on Pexels.com

၁။ သပ်သပ်ရပ်ရပ် ဝတ်စားပါ

ဘယ်ကောင်မလေးမှာ ကိုယ့်ချစ်သူကောင်လေးက ဖိုသီဖတ်သီနဲ့ နေထိုင်တာကို မကြိုက်ပါဘူး။ ကိုယ်တစ်ယောက်တည်း ရှိနေတဲ့ အချိန်တွေမှာဆိုရင်တော့ ကြိုက်သလို ဝတ်စားလို့ ရပါတယ်။ ဒါပေမယ့် ကိစ္စတစခုရှိလို့ ကိုယ့်ချစ်သူ ကောင်မလေးနဲ့ အပြင်အတူသွားတဲ့ အချိန်မျိုးတွေ၊ သူ့အသိုင်းအဝိုင်းနဲ့ မိတ်ဆက်ပေးဖို့ သွားလာတဲ့ အချိန်တွေမျိုးမှာ ကိုယ်ချစ်သူရဲ့ပုံစံကို သပ်သပ်ရပ်ရပ် ဖြစ်စေချင်တာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးတစ်ခုပါပဲ။

၂။ ချစ်သူမိန်းကလေးကို ဂရုစိုက်ပြီး တန်ဖိုးထားပါ

မိန်းကလေးတစ်ယောက်ဆီက ချစ်တယ်ဆိုတဲ့ အဖြေကို ရတာနဲ့တင် ချစ်သူဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ချစ်သူမိန်းကလေးကို ဂရုစိုက်ပြီး တန်ဖိုးထားသင့်ပါတယ်။ လူကြားထဲမှာ သွားလာနေတဲ့ အချိန်မျိုးတွေ၊ သူငယ်ချင်းတွေနဲ့ သွားလာနေတဲ့ အချိန်မျိုးတွေမှာ အော်ငေါက်ပြီး power ပြတတ်တဲ့ ကောင်လေးတွေထက် သူတို့ကို တန်ဖိုးထားပြီး ဂရုစိုက်တဲ့ ကောင်လေးတွေကို မိန်းကလေးတိုင်းက ကြိုက်ကြပါတယ်။

happy couple wearing leather jackets
Photo by Leeloo Thefirst on Pexels.com

၃။ Surprise တွေ ကိုလည်း မမေ့သင့်ပါဘူး

အမြဲတစေ surprise လုပ်နေတာမျိုးကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ ကိုယ့်ချစ်သူ ကောင်မလေးရဲ့ မွေးနေ့နဲ့ Anmiversary နေ့မျိုးတွေမှာ ကိုယ့်ကောင်မလေး မမျှော်လင့်ထားတဲ့ surprise လေးတွေကို လုပ်ပေးပါ။ surprise ဆိုတာ တန်ဖိုးကြီးတာတွေထက် သူလိုချင်တဲ့ ပစ္စည်းလေးတွေ၊ သူသဘောကျနှစ်သက်တဲ့ အရာမျိုးတွေကို မှတ်ထားပြီး မမျှော်လင့်တဲ့ အချိန်တွေမှာ ပေးရင်လည်း ချစ်သူမိန်းကလေးတွေက ကြိုက်ကြပါတယ်။

၄။ အရည်အချင်းရှိအောင် ကြိုးစားပါ

ယောကျာ်းတစ်ယောက်ဆိုတာ အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ကောင်လေး မိဘချမ်းသာတာထက် ငါ့ချစ်သူက ဘယ်ကုမ္ပဏီမှာ ဘာ position နဲ့ လုပ်နေတာဆိုပြီး မိန်းကလေးတွေက ဂုဏ်ယူချင်ကြပါတယ်။ ဒါ့ကြောင့် ချစ်သူယောကျာ်းလေးတစ်ယောက်အနေနဲ့ အလုပ်အကိုင်၊ အရည်အချသ်ရှိဖို့က အရေးကြီးပါတယ်။

man in white dress shirt and black blazer standing outside building
Photo by Andrea Piacquadio on Pexels.com

၅။ ဘာမဆို သည်းခံခွင့်လွှတ်တဲ့စိတ် ထားနိုင်အောင် ကြိုးစားပါ

တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြရင်တောင် မိန်းကလေးတစ်ယောက်နဲ့အပြိုင် အာပေါင်အာရင်းသန် လိုက်ငြင်းနေတဲ့ ချစ်သူယောကျာ်းလေးကို ဘယ်မိန်းကလေးမှ မကြိုက်ကြပါဘူး။ ကိုယ့်ချစ်သူမိန်းကလေးနဲ့ စကားများပြီး ရန်ဖြစ်နေလို့လည်း ဘာမှအကျိုးမထူးသလို ကိုယ့်အလျှော့ပေးလိုက်လို့လည်း ကိုယ့်အသားပဲ့မပါသွားတာကြောင့် စကားများရန်ဖြစ်တိုင်း အလျှော့ပေးလိုက်ပါ။ သူမေ့သွားလောက်တဲ့ အချိန်မျိုးကျမှာ စကားအေးအေးလေးနဲ့ လေပြေးအေးတရားဟောလိုက်ပါ။ အဲဒါမှ သူတို့နားထဲဝင်တာပါ။

Pyi Hein Kyaw

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: