Wednesday, October 4, 2023
HomeKnowledgeရုံးပတီသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး

ရုံးပတီသီးရဲ့ အံ့ဖွယ်အစွမ်း(၇)မျိုး

မြန်မာ့ရေမြေမှာ နေရာမရွေး ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းတဲ့ သီးနှံတစ်မျိုးကို ပြပါဆိုရင် ရုံးပတေသီး
ကို ပြရမှာဖြစ်ပါတယ်။ ရုံးပတေသီးစာ စွယ်စုံသုံး သီးနှံဖြစ်ပါတယ်။ အကင်၊ အတို့အမြုပ်၊ အကြော်
အချက်-စသည်ဖြင့် စိတ်ကြိုက် လုပ်စားလို့ရပါတယ်။ ဒါ့အပြင် ရုံးပတေသီးဟာ အလွန်အဖိုးတန်တဲ့
ကျန်းမာရေး ကောင်းကျိုးတွေကို ပေးစွမ်းနိုင်ပါတယ်။ ရုံးပတေသီးရဲ့ အံ့ဖွယ်အစွမ်း (7) မျိုးကို ဖော်ပြ
ပေးလိုက်ပါတယ်။

1. ဆီးချို/သွေးချိုရောဂါကို ပျောက်ကင်းစေနိုင်တယ်။

ရုံးပတေသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်လို့ သွေးတွင်း သကြားဓာတ်ကို လျှော့ချပေးရာမှာ ထိရောက်
မှုရှိပါတယ်။ ဒါ့အပြင် အစာထဲမှာပါတဲ့ သကြားဓာတ်ကိုလည်း စုပ်ယူနိုင်စွမ်း မြင့်မားလို့ ဆီးချို သွေးချိုရော
ဂါတွေအတွက်တော့ အလွန်သင့်တော်တဲ့ ဆေးတစ်ပါးပါ။

2. နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်။

နှလုံးရောဂါကို ဖြစ်နိုင်စွမ်းမြင့်မားစေတဲ့ သွေးတွင်း ကိုလက်စထရောဓာတ်ပါဝင်မှုကို ရုံးပတေသီးနေ့စဉ်
စားပေးခြင်းနဲ့ လျှော့ချနိုင်ပါတယ်။ ရုန်းပတေသီးမှာ အမျှင်ဓာတ်၊ Pectin ဓာတ်တို့ဟာ နှလုံးရောဂါကို အထူး
ကာကွယ်ပေးပါတယ်။

ladies fingers lot
Photo by Quang Nguyen Vinh on Pexels.com

3. ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တယ်။

ရုံးပတေသီးမှာ ကယ်လိုရီအလွန်နည်းပါးစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ရုံးပတေသီး 100 g ဟာ ကယ်လိုရီ
33%ကို လောင်ကျွမ်းစေနိုင်စွမ်းရှိလို့ များများစားလေ ဝိတ်ကျဖို့အတွက် အခွင့်အလန်း ပိုများလေဖြစ်ပါ
တယ်။

4. ကိုယ်ခံစွမ်းအားကို မြင့်မားစေတယ်။

ရုံးပတေသီး 100 g မှာ ဗီတာမင် C 38% ပါဝင်လို့ ခန္ဓာကိုယ်အတွက် အလွန်အရေးပါတဲ့ ကိုယ်ခံစွမ်းအားကို
ဖြစ်စေပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံစွမ်းအား နည်းရင် နည်းသလို ပြင်ပရောဂါတွေ ဝင်ရောက်နိုင်ဖို့ အခွင့်အ
ရေး ပိုကောင်းပါတယ်။ ဒါကြောင့် ရုံးပတေသီးကို နေ့စဉ်စားသင့်ပါတယ်။

5. စိတ်ပိုင်းဆိုင်ရာ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။

နေ့စဉ်စားပေးရမယ့် ရုံးပတေသီးမှာ Vitamin B9 ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C လည်း
ပါဝင်လို့ စိတ်ဖိစီးမှုတွေကို လျှော့ချရာမှာ အသုံးဝင်ပါတယ်။ ရုံးပတေသီး ပုံမှန်စားသုံးပေးပါက စိတ်ချမ်းသာ
ခြင်း၊ ကိုယ်ကျန်းမာခြင်းကို ဖြစ်စေပါတယ်။

6. ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် သင့်တော်တယ်။

folic acid နဲ့ Vitamin B9 ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ရုံးပတေးသီးကို ပုံမှန်စားသုံးပေးသင့်သူတွေထဲမှာ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဖြစ်ပါတယ်။ ရုံးပတေသီးဟာ ကလေး မွေးဖွားရ လွယ်ကူစေပြီး စွမ်းအား
အသစ်တွေကို ဖြည့်တင်းပေးပါတယ်။

7. ကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

ရုံးပတေသီးဟာ အခြားသစ်သီးများထက် ကင်ဆာရောဂါကို တိုက်ဖြတ်နိုင်စွမ်းရှိတဲ့ အမျှင်ဓာတ်နဲ့ အခြားဆေး
ဘက်ဝင် အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဆဲလ်ပျက်ဆီးမှုကို ထိန်းချုပ်ပေးနိုင်ပြီး၊ ခန္ဓာကိုယ်ထဲကို ဝင်ရောက်
လာတဲ့ ကင်ဆာဆဲလ်တွေကိုလည်း မဖြစ်အောင် တိုက်ဖြတ်ပေးနိုင်ပါတယ်။

နတ်စည်တော် (ShweMOM)

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: