Sunday, November 27, 2022
HomeLifestyleရေချိုးခန်းထဲမှာ လုံးဝမထားသင့်တဲ့ အသုံးအဆောင်ပစ္စည်း(၇)မျိုး

ရေချိုးခန်းထဲမှာ လုံးဝမထားသင့်တဲ့ အသုံးအဆောင်ပစ္စည်း(၇)မျိုး

ရေချိုးခန်းဆိုတာ လူတိုင်းနေ့စဉ်နီးပါး ဝင်ထွက်သွားလာနေတဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် ကိုယ်နေ့တိုင်း ဝင်ထွက်သွားလာနေရတဲ့ နေရာဖြစ်တာကြောင့် သေသေချာချာ သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ စစ်တမ်းတွေအရဆိုရင် လူတစ်ယောက်ဟာ နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့် ရေချိုးခန်းကို အသုံးပြုလေ့ ရှိကြပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို ရေချိုးခန်းထဲမှာ လုံးဝမထားသင့်တဲ့ ပစ္စည်း ၇ မျိုးအကြောင်း ပြောပြပေးသါားချင်ပါတယ်။

၁။ Bar Soap

aromatherapy aromatic bath bath towels
Photo by Pixabay on Pexels.com

လူတွေဟာ ဆပ်ပြာကို အလွယ်တူယူပြီး အသုံးပြုနိုင်အောင် ဘာအကာအကွယ်မှ မပါပဲ Bar Soap ထဲမှာ ထည့်ထားလေ့ ရှိပါတယ်။ အသုံးပြုပြီးရင်လည်း ဒီအတိုင်း Bar Soap ထဲကို ထားလိုက်တတ်ကြပါတယ်။ အဲဒီအချိန်မှာ ဆပ်ပြာဟာ ရေတွေနဲ့ ထိတွေ့ထားတာတစ်ကြောင်း၊ ရေချိုးခန်းရဲ့ စိုထိုင်းဆတွေကြောင့် တစ်ကြောင်း စိုထိုင်းဆများပြီး ရေရှည်မှာ အငွေပျံသွားတတ်ပါတယ်။ အကောင်းဆုံးကတော့ အဖုံးပါတဲ့ ဆပ်ပြာခွက်ကို အသုံးပြုတာပါပဲ။

၂။ Makeup brush

woman holding highlighter and makeup brush
Photo by EVG Kowalievska on Pexels.com

Makeup brush တွေကိုတော့ အမျိုးသမီး တော်တော်များများ ရေချိုးခန်းထဲမှာ ထားလေ့ ရှိတတ်ပါတယ်။ အကြောင်းကတော့ ရေချိုးခန်းထဲက မှန်ကြည့်ပြီး အလှပြင်နိုင်အောင်လို့ပါ။ ရေချိုးခန်းဆိုတဲ့ နေရာဟာ အမြဲလိုလို စိုစွတ်နေတဲ့ နေရာဖြစ်တာကြောင့် မျက်စိနဲ့ မမြင်နိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားတွေအကြိုက်ပါ။ ဒါ့ကြောင့် အကောင်းဆုံးကတော့ Makeup brush တွေကို ကိုယ့်အခန်းထဲမှာ ထည့်ထားတာ အကောင်းဆုံးပါပဲ။

၃။ ရေမွှေး

clear glass perfume bottle
Photo by Dids on Pexels.com

လူတစ်ချို့ဟာ ရေမွှေးတွေကို ရေချိုးခန်းထဲမှာ ထားလေ့ ရှိတတ်ပါတယ်။ တစ်ကယ့်တော့ အဲဒါမကောင်းပါဘူး။ ရေချိုးခန်းရဲ့ စိုထိုင်းမှုကြောင့် ကြာလာရင် ရေမွှေးပြုလုပ်ထားတဲ့ molecular တည်ဆောင်ပုံဟာ ပျက်သွားတတ်ပြီး ရေမွှေးဟာ ချဉ်စုတ်စုတ်အနံ့ ဖြစ်သွားတတ်ပါတယ်။

၄။ မျက်နှာသုတ်ပုဝါ

blue glass bottle beside white towel
Photo by Castorly Stock on Pexels.com

မျက်နှာသုတ်ပုဝါတွေကိုလည်း အလွယ်တကူသုတ်နိုင်အောင် ရေချိုးခန်းထဲမှာ မထားသင့်ပါဘူး။ ကိုယ်က ရေသုတ်ထားတာကြောင့်ရာ်၊ ရေချိုးခန်းရဲ့ စိုထိုင်းစတွေရယ်ကြောင့် မျက်နှာသုတ်ပုဝါဟာ ဘတ်တီးရီးယားတွေ စိတ်ကြိုက်ပေါက်ဖွားရာနေရာကြီး ဖြစ်သွားတတ်ပါတယ်။ အကောင်းဆုံးကတော့ မျက်နှာသုတ်ပုဝါကို ကိုယ်သုတ်ပြီးသွားတိုင်း နေရောင်ထဲမှာ အချိန်အနည်းငယ်အကြာ အခြောက်ခံသင့်ပါတယ်။

၅။ မုတ်ဆိတ်ရိတ်တံ

faceless ethnic woman depilating leg with razor in bathroom
Photo by Sora Shimazaki on Pexels.com

ယောကျာ်းလေးတော်တော်များများဟာ မုတ်ဆိတ်ရိတ်တံတွေကို ရေချိုးခန်းထဲမှာ ထားလေ့ ရှိတတ်ပါတယ်။ ကြာလာရင် မုတ်ဆိတ်ရိတ်တံ ဘလိတ်ဓားဟာ စိုထိုင်းဆတွေကြောင့် သံချေးတတ်နိုင်ပါတယ်။ သံချေးတတ်နေတဲ့ မုတ်ဆိတ်ရိတ်တံကို ဒီအတိုင်းသုံးမိလိုက်ပြီး မတော်တဆ ရှသွားရင်တောင် မေးခိုင်ပိုးဝင်သွားနိုင်ပါတယ်။

၆။ မျက်နှာလိမ်းခရင်

woman in black blazer and white shirt
Photo by cottonbro on Pexels.com

မျက်နှာလိမ်းခရင်တွေကို တစ်ခါတလေကျရင် ရေချိုးခန်းထဲမှာ သတိမေ့ပြီး အဖုံးကြီး ဖွင့်ထားတတ်ပါတယ်။ အဲဒီလို အချိန်ကျရင် အချိန်မရွေး ဘတ်တီးရီးယားတွေ အဆိုပါ မျက်နှာလိမ်းခရင်တွေထဲမှာ ပေါက်ဖွားလာပြီး ကိုယ်လိမ်းတဲ့ အခါမျိုးဆို ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်ပါတယ်။

၇။ ရတနာပစ္စည်း

gold and purple gemstone necklace
Photo by aryan shygun on Pexels.com

လူတော်တော်များများဟာ ရေချိုးတဲ့ အချိန်မျိုးဆိုရင် ရေချိုးခန်းထဲမှာ လက်စွပ်တို့၊ ဆွဲကြိုးတို့ကို ချွတ်ပြီး ထားထားခဲ့လေ့ ရှိသလို တစ်ချို့ဆိုရင် ရေချိုးတိုင်း ဆပ်ပြာနဲ့ သေသေချာချာ တိုက်ပြီး ဆေးလေ့ရှိပါတယ်။ အဲဒီလို ခဏခဏလုပ်ပါများရင် လက်ဝတ်ရတနာပစ္စည်းတွေဟာ အရောင်မှိန်သွားပြီး သံချေးတောင် တက်နိုင်ပါတယ်။

Pyi Hein Kyaw

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: