
‘ဒဏ်ရာများနဲ့နှောင်ကြိုး’ ဖိလစ်ပိုင်ဇာတ်လမ်းတွဲဟာ အချစ်ဒရာမာစီးရီးတစ်ခုဖြစ်ပြီး Emmanuel Quindo Palo နဲ့ Dolly Dulu တို့က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ Joshua Garcia, Gabbi Garcia, Richard Yap နဲ့ Jodi Sta. Maria တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

‘ဒဏ်ရာများနဲ့နှောင်ကြိုး’ စီးရီးဟာ အမေနဲ့သမီးကြား နှောင်ကြိုးမေတ္တာကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပါ။ လွန်ခဲ့တဲ့နှစ်များစွာက သူမစွန့်ခွာထားခဲ့တဲ့ ကွဲကွာသွားတဲ့ ခင်ပွန်းနဲ့ သမီးဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်းကို အခြေတည်ထားပြီး သူမရဲ့ရှာဖွေမှုနဲ့အတူ ပုန်းကွယ်နေတဲ့လျှို့ဝှက်ချက်နဲ့ အပြစ်တွေ မထင်မှတ်ဘဲထွက်ပေါ်လာခဲ့တာပါ။ မိခင်ဖြစ်သူက သူမရဲ့သမီးကို ရှာဖွေတွေ့ရှိသွားနိုင်မှာလား၊ ကွဲကွာသွားတဲ့ သူတို့မိသားစုကြားမှာ ဘယ်လိုလျှို့ဝှက်မှုတွေရှိနေခဲ့လဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။

မိသားစုတွေကြားက မတူညီတဲ့သဘောထားတွေ၊ နာကျင်မုန်းတီးမှု၊ ချစ်ခြင်းမေတ္တာတို့ကို ဖော်ညွှန်းပြသထားကာ ထင်မှတ်မထားတဲ့လှည့်ကွက်တွေနဲ့ ဇာတ်ရှိန်ကိုမြှင့်တင်ပေးထားတာ ဖြစ်ပါတယ်။ တကယ့်ကို လက်လွှတ်မခံသင့်တဲ့ ‘ဒဏ်ရာများနဲ့နှောင်ကြိုး’ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။