
Air pods တွေကို အခုအချိန်မှာ Apple user တွေ တော်တော်များများ အသုံးပြုနေကြပါပြီ။ ဒီတော့ သင်သတိမမူမိသေးတဲ့ Air pods တွေရဲ့ လှည့်ကွက်တစ်ချို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။
(၁) Customize လုပ်နိုင်ခြင်း

Tap ရင်ဘာတို့ press-and-hold ရင် ဘာတို့၊ double-tap ရင်ဘာတို့လိုမျိုး စနစ်တွေကို customize လည်း လုပ်နိုင်ပါတယ်။ Setting ထဲက Bluetooth ကိုနှိပ်၊ “i” လေးကို ထပ်နှိပ်ပြီးတော့ ဘယ်၊ညာ ပြောင်းလဲနိုင်ပါတယ်။
(၂) Hearing Aid အဖြစ်အသုံးပြုနည်း
.Setting ကိုသွား၊ Control Center ထဲက Customize Controls ကိုနှိပ်ပြီး Hearing ဘေးက အပေါင်းလက္ခဏာလေးကို နှိပ်ပြီးတော့ နားလေးတဲ့လူတွေအတွက် အဆထောက်အကူဖြစ်စေနိုင်ပါတယ်။
(၃) Apple product မဟုတ်တာတွေနဲ့ပါ တွဲသုံးနည်း
iOS မှ မဟုတ်ပါဘူး Android product တွေနဲ့ပါ လွယ်လွယ်လေးတွဲပြီးတော့ သုံးနိုင်ပါတယ်။ တွဲနည်းကတော့ ပုံမှန်ပါပဲ။
(၄) AirPod အပျောက်ရှာနည်း
Find My iPhone လိုမျိုးပဲ AirPod ကိုလည်း အဲဒီ စနစ်နဲ့ပဲ ရှာလို့ရနိုင်ပါတယ်။
(၅) Siri ကို အကုန်ခိုင်းမယ်
iOS user တွေနဲ့ Siri နဲ့ကတော့ မစိမ်းလှပါဘူး။ အခုလည်း AirPods တပ်ထားလျက်သားနဲ့ Siri ကို ခေါ်ပြီးတော့ သီချင်းကျော်တာ၊ အသံတိုးတာ လျှော့တာတွေအပြင် message တွေကိုလည်း ဖတ်ပြခိုင်းလို့ရနိုင်ပါတယ်။
(၆) သာမန်ထက်ပိုပြီး အားကျန်အောင်သုံးနည်း

ဒါကတော့ ကျွန်တော်လုပ်နေကျနည်းလမ်းပေါ့နော်။ AirPods ကို နှစ်ဖက်စလုံး မတတ်ဘဲနဲ့ တစ်ဖက်ပြီးမှ တစ်ဖက်တပ်တဲ့နည်းပါ။ အားသွင်းရမှာပျင်းတဲ့ ကျွန်တော့်အတွက်အံကိုက်ပဲ။
penny