Wednesday, October 4, 2023
HomeLifestyleအသက်(၃၀)မတိုင်ခင် ဘဝကို အခြေခိုင်အောင် တည်ဆောက်နိုင်ဖို့ အတွက် …..

အသက်(၃၀)မတိုင်ခင် ဘဝကို အခြေခိုင်အောင် တည်ဆောက်နိုင်ဖို့ အတွက် …..

လူတိုင်းကတော့ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံး တည်ဆောက်ချင်ကြတဲ့ သူတွေပါပဲ။ ဒါပေမယ့်တစ်ချို့တွေက လျှောက်ရင်းလှမ်းရင်း လမ်းပျောက်နေတတ်ကြပါတယ်။ တကယ်တော့ ဘဝမှာ ခံယူချက်ကောင်းရင် အောင်မြင်တယ်ဆိုသလိုပဲ ကိုယ့်ဘဝကို ဒီအချက်လေးတွေနဲ့ ပိုကောင်းမွန်လာအောင် တည်ဆောက်ကြည့်ပါ။

လူတွေက ကိုယ့်ကိုယ်ကို ရိုးသားဖို့ တကယ့်ကို လိုအပ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကိုယ်တိုက်လက်ခံတတ်ဖို့ လိုအပ်သလို ကိုယ်ဖြစ်ချင်တဲ့အရာ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေကို သိဖို့လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ညာနေတာတွေ ရပ်လိုက်သင့်ပြီး ကိုယ့်ကိုယ်ကို ရိုးသားဖို့ အရေးကြီးပါတယ်။ ဒီလိုရိုးသားတတ်မှ ကိုယ့်ကိုယ်ကို ပိုမြင်တတ်လာမှာ ဖြစ်ပါတယ်နော်။

ငယ်ရွယ်ချိန်မှာတော့ အတွေ့အကြုံနဲ့ ဝင်ငွေကိုလိုက်ပြီး အလုပ်တွေအမျိုးမျိုး လုပ်ခဲ့ပေမယ့် အသက်အရွယ်တစ်ခုရောက်တဲ့အခါမှာ ကိုယ်တကယ် စိတ်ဝင်စားပြီး ဝါသနာပါတဲ့ အလုပ်တစ်ခုကို ရှာသင့်ပါတယ်။ ဒီလိုအလုပ်မျိုးကို သင်ကချစ်ပြီး အလုပ်လုပ်နေရတာကို ပျော်နေတာက သင့်ဘဝကို ပိုအဓိပ္ပါယ်ရှိစေမှာပါ။

pixabay/ZigmarsBerzins

တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို အချိန်ပေးသင့်ပါတယ်နော်။ တစ်ရက်တစ်လေ အရမ်းပျင်းတဲ့အခါ အိပ်ရာထဲ ကွေးနေလိုက်တာ၊ ကော်ဖီလေးတစ်ခွက်နဲ့ ဘာမှမလုပ်ပဲ အတွေးနယ်ချဲ့နေတာမျိုး သင့်မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ နောက်ပြီး ကိုယ့်ရဲ့အတွင်းစိတ်ထဲက လာတဲ့အသံတွေကိုနားထောင်ပေးဖို့ မမေ့ပါနဲ့။

ခရီးထွက်ခြင်းက ဘဝမှာ အတွေ့အကြုံသစ်တွေ၊ အမြင်သစ်တွေနဲ့ ဘဝရဲ့ ဒဿနတွေကို သင်ကြားပေးနိုင်ပါတယ်။ ခရီးများများထွက်ခြင်းက စိတ်ထွက်ပေါက်တစ်ခုဖြစ်သလို ဗဟုသုတတွေနဲ့ မတူညီတဲ့ အမြင်တွေကို သင့်ဆီပေးမှာပါ။

လူတိုင်းမှာ ပြင်သင့်တဲ့ အကျင့်ဆိုးတွေရှိပြီး ဒါတွေက ကိုယ်တိုင်အသိဆံုံးပဲ ဖြစ်မှာပါ။ ဒီတော့ ပြင်သင့်နေတဲ့ အကျင့်ဆိုးတွေကို အချိန်ဆွဲမနေတော့ပဲ ပြင်လိုက်သင့်ပါပြီ။

ခုခေတ်မှာ ဘာသာစကားအခန်းကဏ္ဌက အတော်လေး အရေးပါပါတယ်။ အထူးသဖြင့် နိုင်ငံတကာသုံး  ဘာသာစကားမတတ်ဘူးဆိုရင် ကိုယ်ဟာ ဘာကောင်မှမဟုတ်ပါဘူး။ ဒီတော့ ဘာသာစကားအသစ်တစ်ခု လေ့လာကြည့်ပါ။ ဒါက သင့်အတွက်ရော၊ သင့်ဦးနှောက်အတွက်ပါ ကောင်းမွန်ပါတယ်။

လူတိုင်းမှာ ကြောက်တတ်တဲ့စိတ်ဆိုတာရှိပြီး ဒီကြောက်တတ်မှုကို ရင်ဆိုင်ရဲမှ သတ္တိရှိသူလို့ ခေါ်တာပါ။ ဒီတော့ တစ်ချိန်လုံးကြောက်လန့်တဲ့စိတ်နဲ့ မရှင်သန်ပဲ ကိုယ်ကြောက်တဲ့ အရာတွေကို စိန်ခေါ်ကြည့်ပါ။

ပျော်ရွှင်မှုဆိုတာ ခံစားမှုသက်သက်မဟုတ်ပဲ ကိုယ့်ရဲ့ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။ ဥပမာ- ကိုယ်ဝါသနာပါရာလေးတွေ လုပ်တာ၊ ကိုယ်စိတ်ပျော်မယ့် အရာလေးတွေ လုပ်ကြည့်တာပေါ့။

ဘဝမှ ငွေကြေးဆိုတာက ဒုတိယဘုရားသခင်လို့ သတ်မှတ်ခံရတဲ့အရာမို့ အတော်လေးကို အရေးပါပါတယ်။ ဒီတော့ ငွေလက်ထဲရောက်တဲ့အချိန်မှာ သုံးတာနဲ့ ဖြုန်းတာကို သေချာခွဲခြားတတ်ဖို့လိုအပ်ပြီး ငွေကြေးသေချာစီမံတတ်အောင် သင်ယူပါ။ ဒါဟာလည်း အရည်အချင်းတစ်ခုပါပဲ။

လူတစ်ယောက်ရဲ့ အရာရာတိုင်းဟာ အဲဒီ့လူရဲ့ ကျန်းမာရေးအပေါ် မူတည်နေပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာ၊ အဟာရမျှတစွာ စားသောက်ပေးသင့်ပါတယ် နောက်ပြီး စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖု့ိ နည်းလမ်းရှာသင့်ပြီး စိတ်ကျန်းမာရေးကိုလည်း အထူးအလေးထားသင့်ပါတယ်။

pixabay/devran_topallar

စာအုပ်စာပေတွေမှာ များစွာသော အဖိုးတန်လှတဲ့ အသိဉာဏ်ဗဟုသုတတွေ ရှိနေပါတယ်။ စာများများဖတ်လေလေ ကိုယ့်ရဲ့အတွေးအမြင်တွေ ပြောင်းလဲလာပြီး အမှားအမှန်ကို ပိုဆုံးဖြတ်နိုင်စွမ်း ရှိလာစေပါတယ်။

ကိုယ့်ကိုယ်ကို သူများနဲ့ နှိုင်းယှဉ်တာမျိုးက ကိုယ့်ရဲ့သိမ်ငယ်အားငယ်တဲ့စိတ်ကို ဖြစ်စေတတ်ပါတယ်။ လူတိုင်း ကိုယ်စီကိုယ်စီ အားသာချက်၊ အားနည်းချက်တွေနဲ့မို့ ကိုယ့်ရဲ့အားနည်းချက်တွေကို သူများရဲ့ အားသာချက်ကြီးနဲ့ လိုက်လိုက်မနှိုင်းယှဉ်မိပါစေနဲ့။ သင့်ဆီမှာလည်း သူများတွေအားကျရတဲ့ အားသာချက်တွေ ရှိလို့နေပါတယ်နော်။ ဒီအချက်တွေ သင့်ဘဝကို ပိုကောင်းမွန်တဲ့ ဘဝတစ်ခုဆီကို တွန်းပို့ပေးနိုင်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: