Wednesday, October 4, 2023
HomeKnowledgeနာနတ်သီးစားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူး(၅)ချက်

နာနတ်သီးစားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူး(၅)ချက်

pixabay/senjakelabu29

နာနတ်သီးကတော့ မြန်မာလူမျိုးတော်တော်များများ နှစ်ခြိုက်စွာစားသုံးလေ့ရှိတဲ့ သစ်သီးတစ်မျိုး ဖြစ်သလို ဟင်းပွဲမျိုးစုံနဲ့ အချိုပွဲတွေမှာပါ အမြဲလိုလို ပါဝင်နေကျပဲ ဖြစ်ပါတယ်။ ဝိတ်ချတဲ့လူ အများစုဆိုရင်လည်း နာနတ်သီးကို meal တစ်ခုအနေနဲ့ စားသုံးကြတဲ့အပြင် တစ်ချို့ ညဖက်ညစာ မစားတဲ့လူတွေတောင်မှ နာနတ်သီးကို အစာအဟာရတစ်ခုအနေနဲ့ စားသုံးကြပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို နာနတ်သီးစားသုံးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတစ်ချို့ကို ပြောပြပေးသွားချင်ပါတယ်။

၁။ အစာချေဖျက်တဲ့ စနစ်ကို ကောင်းကောင်းကြီး အကူအညီပေးပါတယ်

နာနတ်သီးထဲမှာ ဓတ်တစ်မျိုးဟာ လူတစ်ယောက်ရဲ့ အစာအိမ်ကထွက်လာတဲ့ အရည်နဲ့ တော်တော်လေး ကိုက်ညီမှု ရှိတာကြောင့် နာနတ်သီးစားပေးခြင့်ဖြင့် ကိုယ့်ခန္ဓာကိုယ်ရဲ့ အစာချေဖျက်စနစ်ကို ကောင်းကောင်းကြီး အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် နာနတ်သီးစားခြင်းက ရင်ပြည့်ရင်ကယ်ဖြစ်တာတွေ၊ အစာအိမ်နာတာတွေနဲ့ ဝမ်းချုပ်တဲ့လူတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေပါတယ်။

pixabay/Alicia-harper

၂။ အဆစ်ရောင်ရောဂါကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်

pexels/Karolina Grabowska

နာနတ်သီးဟာ သစ်သီးတွေထဲမှာ Bromelian ဓာတ်ပါဝင်တဲ့ တစ်ခုတည်းသော သစ်သီူတစ်မျိုး ဖြစ်ပါတယ်။ အဆိုပါ Bromelian ဓာတ်ဟာ အကိုက်အခဲပျောက်ဆေးတွေအထက် ပိုပြီးအားကောင်းတဲ့ ဓာတ်တစ်ခုဖြစ်တာကြောင့် ကြွက်သားနာကျင်တာတွေ၊ အရိုးအဆစ်ရောင်ရမ်းတာတွေကို အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်တာပဲ ဖြစ်ပါတယ်။

၃။ အမြင်အာရုံကို အားကောင်းစေပါတယ်

နာနတ်သီးထဲမှာ beta-carotene ဓာတ်မြောက်မြားစွာ ပါဝင်တာကြောင့် နေ့စဉ်နာနတ်သီးစားတဲ့လူတစ်ယောက်ဟာ သာမန်လူတစ်ယောက်နဲ့ ယှဉ်လိုက်ရင် အမြင်အာရုံအရမ်းကောင်းပါတယ်။ ဒါ့ကြောင့် အသက်ကြီးတဲ့ အဖိုးအဖွားတွေ၊ မျက်စိအားနည်းတဲ့လူတွေအတွက်တော့ နာနတ်သီး ပုံမှန်စားပေးခြင်းက ဆေးစွမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၄။ သွေးတိုးရောဂါရှိသူတွေလည်း နာနတ်သီးစားသုံးသင့်ပါတယ်

နာနတ်သီးစားပေးခြင်းက သွေးပေါင်ချိန်ကို လျော့ဆင်းစေတဲ့အပြင် သွေးအတွင်းမှာရှိတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ နာနတ်သီး ပုံမှန်စားသုံးနေတဲ့ လူတစ်ယောက်အတွက်တော့ သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေဟာ အရမ်းကို နည်းပါးလွန်းပါတယ်။

၅။ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေကို ကြံခိုင်စေပါတယ်

paxabay/happyveganfit

နာနတ်သီးထဲမှာ မဂ္ဂနီစီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေပြီး အရိုးနဲ့ ဆက်စပ်နေတဲ့ အရွတ်တွေ၊ အကြောတွေကိုပါ အားကောင်းစေပါတယ်။ ဒါ့ကြောင့် လူငယ်လူရွယ်တွေအနေနဲ့ အရိုးအဆစ်တွေ ကြီးထွားမှု မြန်ဆန်ချင်တယ်၊ လူကြီးတွေအနေနဲ့လည်း အရိုးအဆစ်တွေ ခိုင်မာစေချင်တယ်ဆိုရင်တော့ နေ့စဉ်နာနတ်သီးတစ်လုံးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: