မိမိအတွေးတွေ၊ ခံစားချက်တွေနဲ့ နေ့စဉ်ဘဝထဲက အဖြစ်အပျက်တွေကို မှတ်တမ်းအနေနဲ့ ရေးသားခြင်းဟာ စိတ်စွမ်းရည်ကိုတိုးတက်စေတယ်လို့ insider သတင်းစာမျက်နှာအရ သိရပါတယ်။ နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ မိမိကိုယ်ကိုအလေးထားတဲ့ အပြုအမူဖြစ်သလို ငွေကုန်ကြေးကျလည်းမများ၊ စာရွက်နဲ့ဘောပင်တစ်ချောင်းရှိရုံတင် လုံလောက်တဲ့ အလေ့အကျင့်ကောင်းလည်း ဖြစ်ပါတယ်။ အောက်မှာတော့ စာဖတ်သူတွေအနေနဲ့ နေ့စဉ်မှတ်တမ်းရေးသားခြင်းကနေရနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
စိတ်ဖိစီးမှုကို ပြေလျော့စေတယ်
သုတေသနတွေအရ နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ စိတ်ဖိစီးမှုကိုထိန်းချုပ်နိုင်တဲ့ အကောင်းဆုံးကိရိယာလို့ဆိုပါတယ်။ မိမိခံစားချက်တွေကို မိမိနားလည်အောင် ဖွင့်ထုတ်လိုက်တဲ့အတွက် ဘယ်အရာတွေက မိမိကိုစိတ်ဖိစီးမှုပေးနေသလဲဆိုတာ သိလာစေပါတယ်။ မှတ်တမ်းရေးခြင်းရဲ့ရလဒ်အနေနဲ့ ပြဿနာတွေအပေါ် စိုးရိမ်ပူပန်မှုလျော့ကျပြီး စိတ်ဖိစီးမှုကိုပါ သက်သာစေပါတယ်။

မှတ်ဉာဏ်တိုးလာတယ်
စာရေးရင်းနဲ့ ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ ဖြေရှင်းနည်းတွေကို မြင်လာတဲ့အတွက် စိတ်ဖိစီးမှုကိုလည်း ကောင်းကောင်းထိန်းချုပ်လာနိုင်ပါတယ်။ ၂၀၀၁ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ မိမိရဲ့အနက်ရှိုှုင်းဆုံးအတွေးတွေကို စာချရေးသားထားတဲ့ကျောင်းသားတွေဟာ ထူးထူးခြားခြား ရေတိုမှတ်ဉာဏ်ပိုကောင်းလာတာကို တွေ့ခဲ့ကြပါတယ်။
ကိုယ္ခံအားတက္လာမယ္
နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ စိတ်ပင်ပန်းပြေစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ Cortisol နဲ့ adrenaline လို စိတ်ဖိစီးမှုဟော်မုန်းတွေထွက်တာကို လျော့ကျစေပါတယ်။ ဒီလို ဟော်မုန်းတွေပိုပြီးထွက်လေလေ ကိုယ်ခံအားစနစ် အားနည်းလေပါပဲ။ ဒါကြောင့် နေ့စဉ်မှတ်တမ်းရေးသားခြင်းနဲ့ ဖိစီးမှုဟော်မုန်းတွေကိုဖြေလျော့စေပြီး ကိုယ်ခံအားတက်အောင်လုပ်နိုင်ပါတယ်။

စိတ်သဘောထားပိုကောင်းမွန်လာမယ်
၂၀၀၃ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာချက်တစ်ခုမှာတော့ ကျေးဇူးတင်ခြင်းနဲ့ပတ်သက်ပြီး အပတ်စဉ် နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ အကောင်းမြင်စိတ်ကိုဖြစ်ပေါ်စေတယ် ဆိုပါတယ်။ ပြီးတော့ နေ့စဉ်မှတ်တမ်းရေးသားခြင်းဟာ စိတ်ဒဏ်ရာကိုဖြေဖျောက်ရာမှာ အကောင်းဆုံးကုထုံးဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ၂၀၀၈ခုနှစ်က လေ့လာချက်တစ်ခုမှာတော့ စိတ်ဒဏ်ရာကြောင့် ဖိစီးမှုတွေဖြစ်နေတဲ့သူတွေကို စာအများကြီးရေးရတဲ့ activities တွေမှာ ပါဝင်ခိုင်းတဲ့အခါ ထိုသူတွေရဲ့ စိတ်အခြေအနေဟာ သိသိသာသာတိုးတက်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
ShweMom