Wednesday, October 4, 2023
HomeLifestyleလူများစုလုပ်လေ့ရှိသော ကျောနာခါးနာခြင်းကိုဖြစ်ပေါ်စေတဲ့ အမှားများ

လူများစုလုပ်လေ့ရှိသော ကျောနာခါးနာခြင်းကိုဖြစ်ပေါ်စေတဲ့ အမှားများ

ကိုယ်နေဟန်ထားမူမမှန်တဲ့အခါ နာတာရှည်ရောဂါတွေဖြစ်တဲ့ ခါးနာခြင်း၊ အရိုးပွခြင်း၊ လေးဘက်နာ၊ အရိုးအတက်ထွက်ခြင်းနဲ့ ကြွက်သားထုံးတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် စာဖတ်သူဟာ အိမ်မှာပဲအလုပ်လုပ်ရတဲ့သူဖြစ်ဖြစ်၊ အလုပ်သွားရတဲ့သူပဲဖြစ်ဖြစ် လက်ရှိကိုယ်နေထိုင်နေတဲ့ ကိုယ်နေဟန်ထားကို မှန်မှန်ကန်ကန်ထားရှိဖို့က သိပ်အရေးကြီးပါတယ်။ အခုအခါမှာတော့ mcr.health သတင်းစာမျက်နှာကတဆင့် ခါးနာခြင်းကိုဖြစ်ပေါ်စေတဲ့ လူတွေပြုလုပ်လေ့ရှိတဲ့ အမှားတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

လှုပ်လှုပ်ရှားရှားမရှိခြင်း

ဆေးပညာရှင်တော်တော်များများက ခါးနာခြင်းရဲ့အဓိကအကြောင်းရင်းဟာ တစ်နေရာထဲမှာ အကြာကြီးနေလို့ဖြစ်ကြောင်း ဆိုပါတယ်။ ထိုင်ခုံမှာ အကြာကြီးထိုင်နေတာပဲဖြစ်ဖြစ် ရပ်နေတာပဲဖြစ်ဖြစ်၊ ဖုန်းကိုခေါင်းငိုက်စိုက်ပြီးအကြာကြီးသုံးတာပဲဖြစ်ဖြစ်၊ ခုံပေါ်မှာခွေခေါက်နေတာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကိုပုံစံတစ်ခုတည်းမှာ အကြာကြီးထားမိရင် လုံးဝမကောင်းပါဘူး။ ဒါကြောင့် တစ်နေ့လုံးလှုပ်လှုပ်ရှားရှားဖြစ်အောင်နေပါ။ အလုပ်ခွင်ထဲမှာဆိုလည်း နာရီဝက်ခြားတစ်ခါ ခြေဆန့်လက်ဆန့်ပြုလုပ်ပေးပါ။

crop orthopedist examining back of anonymous patient in clinic
Photo by Karolina Grabowska on Pexels.com

အရှေ့ကို ကုန်းထိုင်ခြင်း

တစ်ခါတစ်လေ အမှတ်တမဲ့နဲ့ ထိုင်ခုံပေါ်ထိုင်နေရင်း အရှေ့ကို ကုန်းထိုင်တာ၊ လက်ပြင်ကြောကို ကိုင်းထားတာမျိုးတွေ လုပ်မိတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုကိုယ်ဟန်အနေအထားက ကျောရိုးအပေါ်ပိုင်းကိုခုံးစေတာဖြစ်တဲ့အတွက် ခေါင်းနဲ့လည်ပင်းစောင်းသွားတတ်ပါတယ်။ ပိုဆိုးရင် တင်ပဆုံရိုးပါ ယိုင်သွားတာတွေဖြစ်နိုင်ပါတယ်။

ပြီးတော့ ခန္ဓာကိုယ်က အောက်ဆီဂျင်ကိုစုပ်ယူတဲ့ပမာဏအပေါ်မှာလည်း ဒီလိုကိုယ်ဟန်အနေအထားက ဆိုးဝါးတဲ့သက်ရောက်မှုှှရှိပါတယ်။ အဆုတ်ရဲ့ကျယ်ပြန့်နိုင်ခြေကို ကန့်သတ်သလိုဖြစ်သွားတဲ့အတွက် အဆုတ်ရဲ့စွမ်းဆောင်ရည်ကိုလျော့ကျစေနိုင်သလို နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် မတ်တပ်ရပ်တုန်း ထိုင်တုန်းမှာ ကျောရိုးကိုဆန့်ထားပါ။ ပခုံးတွေကိုတော့ သက်တောင့်သက်သာ အနေအထားဖြစ်အောင် နေပါ။

a woman in striped long sleeves shirt using a laptop
Photo by Ivan Samkov on Pexels.com

စာရိုက်ခြင်း

ဘယ်နေရာကိုပဲကြည့်ကြည့် လူတွေက ခေါင်းငိုက်စိုက်ချပြီး ဖုန်းသုံးနေကြတာကို မကြာခဏတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို ခေါင်းငိုက်စိုက်ပြီး ဖုန်းသုံးတာမျိုးက လည်ပင်းနဲ့ကျောရိုးကို ထိခိုက်ပျက်စီးစေတဲ့အကြောင်း အများစုက သတိမထားမိကြပါဘူး။ ဖုန်းကို ခေါင်းငုံ့ပြီးသုံးတာ အချိန်ကြာလာလေလေ ဒီလိုဆိုးဝါးတဲ့ကိုယ်နေဟန်ထားရဲ့ အန္တရာယ်ကို ခန္ဓာကိုယ်က မြန်မြန်ကြုံတွေ့လေပါပဲ။

ဒါကြောင့် ကွန်ပြူတာနဲ့အလုပ်လုပ်တာပဲဖြစ်ဖြစ် ဖုန်းသုံးပြီးစာရိုက်တာပဲဖြစ်ဖြစ် ခေါင်းငုံ့ပြီးသုံးတဲ့အနေအထားဟာ ရေရှည်မှာ ကျောရိုးကိုယိုယွင်းလာစေပါတယ်။ ဘယ် အီလက်ထရောနစ်ပစ္စည်းမဆို အသုံးပြုတဲ့အခါ ကိုယ့်မျက်စိနဲ့တစ်တန်းတည်းနေရာမှ ပေါ်အောင်ထားပြီးအသုံးပြုပါ။ ဖုန်းသုံးတဲ့အခါကျရင်လည်း ဖုန်းကို အောက်ငုံ့ကြည့်စရာမလိုဘဲ မျက်နှာတည့်တည့်မှာသာထားပြီး အသုံးပြုသင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: