ဒီဆောင်းပါးမှာတော့ မိမိချစ်သူ သို့မဟုတ် မိမိကိုစိတ်ဝင်စားနေသောယောက်ျားလေးတစ်ယောက်
မိမိအပေါ်တကယ်ချစ်မချစ် သိရှိနိုင်တဲ့ အချက်လေးတွေကိုဖော်ပြပေးသွားမှာပါ။ မိန်းကလေးတွေမှာ အလိုလိုသိနေတဲ့
စိတ်ရှိကြပါတယ်။ မိမိကိုစိတ်ဝင်စားနေတဲ့ ယောက်ျားလေးတွေရှိရင် စိတ်ထဲကအလိုလိုသိနေတတ်ကြပါတယ်။
သို့သော် တိတိကျကျသိရှိနိုင်တာမျိုးတော့မဟုတ်ပါဘူး။ ဒါ့ကြောင့် တိတိကျကျသိရှိနိုင်မည့်အချက်များကို
လေ့လာထားတာ မမှားနိုင်ပါဘူးနော်။
သင်နဲ့ပတ်သက်နေသောအကြောင်းအရာများကို မှတ်မိနေခြင်း

အကယ်လို့သာ သူသင့်ကိုအမှန်တကယ်စိတ်ဝင်စားနေပြီဆိုပါလျှင် သင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို အလေးထားအာရုံစိုက်နေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ သင်ကြိုက်နှစ်သက်တယ်လို့ပြောဖူးသော အရာများကို မှတ်မိနေမှာပဲဖြစ်ပါတယ်။ ပြီးတော့ ရုပ်ရှင်တွေထဲမှာလို သင့်ကိုနေ့ထူးနေ့မြတ်များမှာ လက်ဆောင်အဖြစ်ပေးဖို့စီစဉ်နေမှာပဲဖြစ်ပါတယ်။ အချစ်ဆိုတာ အသေးစိတ်ကျပါတယ်။ သင့်ချစ်သူက သင့်မွေးနေ့ကို ဒီအတိုင်းပဲကျော်သွားတတ်လား။ ခမ်းခမ်းနားနား မဟုတ်ရင်တောင် ငွေမကုန်ဘဲ စိတ်နဲ့ဖော်ပြလို့ရတဲ့အရာတွေ အများကြီးရှိပါတယ်။ သူက အဲဒီလိုပဲကျော်သွားနေကျဆိုရင်တော့ သူ့ကို ထားခဲ့လိုက်ပါ။ ကိုယ့်မွေးနေ့ကို တကယ့်နေ့ထူးနေ့မြတ်တစ်ခုလို ကျင်းပပေးမယ့်ဖူးစာရှင်အစစ်က အခု ကမ္ဘာကြီးရဲ့တစ်နေရာရာမှာ သင့်ကိုလိုက်ရှာနေလောက်မှာပါနော်။
ဘယ်အရာကမှ မလုံလောက်နိုင်ပါဘူး။
တကယ်ချစ်မိပြီဆိုပါလျှင် သိချင်စိတ်တွေတားဆီးလို့မရပါဘူး။ သင့်အကြောင်းမေးခွန်းတွေ အများကြီးမေးပါလိမ့်မယ်။ Facebook မှာအမြဲလိုလို သင့်ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေပါလိမ့်မယ်။ သင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုသူတတ်နိုင်သမျှ စုဆောင်းပါလိမ့်မယ် သို့သော် သူ့အတွက် လုံလောက်မှုမရှိပါဘူး။
ကလေးဆန်ပြီး မူမမှန်တဲ့ လုပ်ရပ်တွေလုပ်ပါလိမ့်မယ်။

အချစ်က ချစ်မိသွားတဲ့အခါမှာ လူကို ကလေးဆန်စေပြီး မူမမှန်တဲ့ လုပ်ရပ်တွေကိုပြုလုပ်စေပါတယ်။ မိမိချစ်တဲ့သူရဲ့ဘေးနားကိုရောက်သွားရင် ကလေးလေးတစ်ယောက်လိုပြုမူတတ်ပြီး သဝန်တိုမှုတွေ စိုးရိမ်ပူပန်မှုတွေ လွန်ကဲလာတတ်ကြပါတယ်။ ယောက်ျားလေးများကတော့ ပိုပြီးကလေးဆန်တတ်ကြပါတယ်။ ပြီးတော့ ရုပ်ရှင်ကားတွေထဲကလိုမျိုး အပြင်မှာပြုလုပ်လေ့ရှိကြပါတယ်။ ပန်းစည်းအကြီးကြီး နဲ့ အိမ်ရှေ့မှာ စောင့်နေတတ်တာမျိုး၊ အရုပ်အကြီးကြီးကို လက်ဆောင်အဖြစ်ပေးတတ်တာမျိုးတွေပဲ ဖြစ်ပါတယ်
သင့်ကိုပျော်ရွှင်စေသော အပြုအမူများလုပ်လေ့ရှိပါတယ်။
တကယ်ချစ်ရင် သင်ပျော်ရွှင်စေသော အပြုအမူများကိုလုပ်ဆောင်လေ့ရှိပါတယ်။ သင့်ကိုဂရုစိုက်တာ၊ ကြင်နာတာ၊ သင့်အလုပ်တွေကိုကူညီပေးတာ၊ ဖုန်းတွေဆက်တာ၊ တစ်နေ့ကို SMS အများကြီးပို့တာတွေက သင့်ကိုအမှန်တကယ်ပျော်ရွင်စေတယ် မဟုတ်ပါလား? တစ်ခါတစ်ရံမှာ အဆင်မပြေမှုများ ရှိကောင်းရှိနိုင်ပါတယ်။ အမြဲတမ်းတော့လည်း သင့်ကိုဂရုစိုက်ချင်မှစိုက်ပါလိမ့်မယ် သို့သော် သင့်ခန့်မှန်းချက်ကိုသာ မယုံစားပါနဲ့။ သူ့ စကားတွေကိုယုံမယ့်အစား သူ့ရဲ့အပြုအမူတွေ၊ သင့်အပေါ်မှာဆက်ဆံတာတွေ၊ သင့်ကိုဘယ်လိုပျော်ရွှင်စေတာတွေ အစရှိတာတွေကို အာရုံစိုက်ပြီး လေ့လာပါ။