Wednesday, October 4, 2023
HomeKnowledgeDoughnut မုန့်တွေနဲ့ပတ်သက်ပြီး လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက် ၄ ချက်

Doughnut မုန့်တွေနဲ့ပတ်သက်ပြီး လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အချက် ၄ ချက်

ဒိုးနပ်မကြိုက်တဲ့လူ မရှိဘူးထင်ပါတယ်နော်။ ဒိုးနပ်မုန့်တွေဟာ ထွင်ရင်ထွင်သလိုမျိုး အရသာပေါင်းစုံနဲ့ ရနိုင်ပြီးတော့ ကလေးကအစ လူကြီးအဆုံး သဘောကျကြရတဲ့ မုန့်တွေဖြစ်ပါတယ်။ စားလို့ကောင်းပြီး ချစ်ဖို့ကောင်းလှတဲ့ ဒိုးနပ်မုန့်တွေရဲ့ နောက်ကွယ်မှာ လူသိနည်းသေးတဲ့ ထူးထူးခြားခြား အချက်တွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ ဘာတွေများဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

doughnut with white and pink sprinkles
Photo by Tim Gouw on Pexels.com

ဆီနင့်နေတဲ့ ကိတ်မုန့်တွေ

တကယ်တော့ ဒိုးနပ်မုန့်ဆိုတာ ဆီတွေအများကြီးနဲ့ ကြော်ထားတဲ့ ကိတ်မုန့်တွေပါပဲ။ များသောအားဖြင့် ဝက်ဆီတွေနဲ့ ကြော်တာများပါတယ်။ ကိတ်မုန့်ကမှ ဂျုံနယ်ပြီး ဆီမပါဘဲ ဖုတ်လိုက်တဲ့အတွက် ဒိုးနပ်တွေလောက်တော့ ကယ်လိုရီတွေ များမနေပါဘူး။ ချိုလည်းချိုတယ်၊ ဆီတွေထဲလည်း နှစ်ပြီး ကြော်ထားတဲ့ ဒိုးနပ်မုန့်တွေကတော့ တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်သလိုဖြစ်နေလို့ အများကြီး မစားသင့်ပါဘူး။

ဒိုးနပ်ကွင်းတွေရဲ့ အလယ်ကအပေါက်လေးတွေက ဘာအတွက်လဲ

အဲဒီအပေါက်လေးတွေဟာ အလှသက်သက် ထည့်ထားတာမျိုးမဟုတ်ပါဘူး။ တကယ်တော့ ဟိုးအရင် ဒိုးနပ်စပြီးလုပ်ခဲ့တဲ့ Hanson Gregory ရဲ့မိခင်က သားဖြစ်သူ Hanson Gregory အနေနဲ့ သင်္ဘောလက်ကိုင်လှည့်ရင်း လက်မအားတဲ့အခါ ဒိုးနပ်ကွင်းကို လက်က ကိုင်ထားစရာမလိုဘဲနဲ့ စွတ်ထားလို့ရအောင်ဆိုပြီးတော့ လုပ်ခဲ့တာပါတဲ့။ ဒီအပြင် အလယ်မှာ အပေါက်ပါတဲ့ ဒိုးနပ်ကွင်းတွေဟာ ပိုပြီး ညီညီညာညာ အကျက်မြန်တဲ့အတွက် စားကောင်းပါတယ်တဲ့။

close up photo of donuts
Photo by Nishant Aneja on Pexels.com

ကမ္ဘာစစ်ပြီးဆုံးမှုအတွက် အောင်ပွဲခံအစားအသောက်

ဒိုးနပ်မုန့်ရဲ့ သမိုင်းကတော့ မသေးပါဘူး။ ပထမကမ္ဘာစစ်တုန်းက စစ်ပွဲကြီးလည်း ပြီးဆုံးပြီလို့ ကြေလည်းကြေညာပြီးရော အနောက်နိုင်ငံတွေက ရိက္ခာစုဆောင်းရေးတပ်တွေဟာ ရှေ့တန်းက သူရဲကောင်းတွေကို ဒိုးနပ်မုန့်တွေနဲ့ အဝကို ဧည့်ခံခဲ့တာပါ။ နောက် ဒုတိယကမ္ဘာစစ်ပြီးတော့လည်း အလားတူပါပဲတဲ့။ အဲဒီနောက်ပိုင်း အမေရိကနဲ့ ဥရောပနိုင်ငံတချို့မှာ ဒိုးနပ်မုန့်ဆိုင်တွေ တစ်ဟုန်ထိုးကို ဖွင့်လာခဲ့ကြတော့တာပါ။

ဒိုးနပ်ရဲ့ ကယ်လိုရီပါဝင်မှု

ကယ်လိုရီများတဲ့ အစားအစာတွေဟာ လူ့ခန္ဓာကိုယ်ကို အဝလွန်စေတာ၊ နှလုံးရောဂါ၊ အဆီဖုံးတဲ့ ပြဿနာနဲ့ ကင်ဆာရောဂါစတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒိုးနပ်မုန့်မှာပါတဲ့ ကယ်လိုရီတွေဟာ ရိုးရိုး သကြားအုပ်ထားတဲ့ ဒိုးနပ်ကွင်းတောင်မှပဲ ကယ်လိုရီ ၁၉၀ ရှိနေပါတယ်။ သကြားကတော့ ၁၀ ဂရမ်နဲ့ မပြည့်ဝဆီကတော့ ၅ ဂရမ် အသီးသီးပါဝင်လျက်ရှိပါတယ်။ ချောကလက်ဒိုးနပ်တစ်ခုမှာဆိုရင် ကယ်လိုရီ ၄၀၀ လောက်ရှိနေပါတယ်။

black and white cloth colourful dessert
Photo by Pixabay on Pexels.com

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: