Tuesday, October 3, 2023
HomeKnowledgeအွန်လိုင်းကနေ အခမဲ့သင်ယူလေ့လာနိုင်တဲ့ ဟားဗက်တက္ကသိုလ်က သင်တန်းမျာ

အွန်လိုင်းကနေ အခမဲ့သင်ယူလေ့လာနိုင်တဲ့ ဟားဗက်တက္ကသိုလ်က သင်တန်းမျာ

pixabay/Deeezy

ဟားဗက်တက္ကသိုလ်မှာ တစ်နှစ်တာကျူရှင်စရိတ်ဟာ ဒေါ်လာ ၅သောင်းနီးပါးရှိပါတယ်။ ဒါတောင် အခြားအခန်းခနဲ့ စားသောက်စရိတ်စတာတွေမပါသေးပါဘူး။ အခုအခါမှာတော့ ဟားဗက်ကိုသွားစရာမလိုဘဲ အွန်လိုင်းကနေတဆင့်လေ့လာသင်ယူလို့ရတဲ့ ဟားဗက်က အခမဲ့သင်တန်းတွေကို mashable ကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

တရားစီရင်ရေး

ဟားဗက်မှာသင်ကြားတဲ့ နာမည်ကျော်ဘာသာရပ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင်တန်းကာလဟာ ရက်သတ္တပတ်၁၂ပတ်တာ ကြာမြင့်မှာဖြစ်ပြီး ပရော်ဖက်ဆာ Michael Sandel က တရားစီရင်ရေး၊ တရားဥပဒေအကြောင်းတွေကို လက်တွေ့ဘဝနဲ့ ကိုက်ညီမှုရှိအောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အပြောင်မြောက်ဆုံးကမ္ဘာ့စာပေများ

pixabay/DariuszSankawski

ကမ္ဘာ့စာပေတွေရဲ့ ယခင်၊ ယခုနဲ့ အနာဂတ်အခြေအနေတွေကို လေ့လာရမှာပါ။ သင်တန်းကာလ ၁၂ပတ်တာကြာမြင့်မှာဖြစ်ပြီး တစ်ပတ်ကို အချိန်၇နာရီပေးဖို့ လိုအပ်ပါတယ်။ Goethe, Voltaire နဲ့ Rushdie စတဲ့နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာတွေရဲ့ စာပေလက်ရာတွေကို လေ့လာရမှာဖြစ်ပါတယ်။

သမိုင်းတွင်တဲ့ အမျိုးသမီးများ

ဒီသင်တန်းကိုတော့ အမျိုးသမီးပရော်ဖက်ဆာ ၂ဦးက သင်ကြားပေးမှာပါ။ ၂၀ရာစုနှစ်မှာ အမျိုးသမီးတွေပြုလုပ်ဖန်တီးခဲ့တဲ့အရာတွေ၊ ရင်ဆိုင်ရတဲ့အရာတွေနဲ့ အပြောင်းအလဲကိုရင်ဆိုင်ခဲ့ပုံတွေကို စိတ်ဝင်စားဖွယ်ကောင်းစွာ လေ့လာရမှာဖြစ်ပါတယ်။ သင်တန်းကတော့ ၆ပတ်ကာလဖြစ်ပြီး တစ်ပတ်မှာ ၃နာရီအချိန်ပေးဖို့လိုအပ်ပါတယ်။

TinyML အခြေခံများ

ဒီသင်တန်းမှာတော့ စက်တွေရဲ့အခြေခံသဘောတရား၊ အတွင်းကျကျသဘောတရား၊ ထပ်တိုးပေါင်းထည့်တဲ့ စက်စနစ်တွေ၊ စမတ်ဖုန်းတွေနဲ့ အခြားအသေးစားစက်ပစ္စည်းတွေကို လေ့လာရမှာပါ။ သင်တန်းမှာတော့ ဟားဗက်က Vijay Janapa Reddi နဲ့ Google က Al အဖွဲ့ခေါင်းဆောင် Laurence Mororney တို့သင်ကြားပေးမှာဖြစ်ပါတယ်။

မိုးလေဝသပညာ

ဟားဗက်ရဲ့မိုးလေဝသသင်တန်းပြီးရင်တော့ စာဖတ်သူက ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်ရုံနဲ့ ရာသီဥတုအခြေအနေကို ခန့်မှန်းနိုင်သွားမှာဖြစ်ပါတယ်။ သင်တန်းမှာတော့ မိုးကြိုးအပစ်မခံရအောင် ရှောင်ရှားနည်းစတဲ့ အရေးပေါ်အသက်ကယ်နည်းတွေလည်း ပါဝင်ပါတယ်။ နောက်ပြီးတော့ တိမ်အမျိုးအစားခွဲခြင်း၊ လေအမြန်နှုန်းကိုခန့်မှန်းတာတွေလည်း ပါဝင်ပါတယ်။

ရှိတ်စပီးယားရဲ့ဘဝနဲ့အလုပ်

pixabay/Tama66

ရှိတ်စပီးယားအကြောင်း ပိုလေ့လာချင်တယ်ဆိုရင်တော့ ဒီသင်တန်းတိုလေးကို တက်သင့်ပါတယ်။ သင်တန်းကာလ ၄ပတ်ပဲကြာပါတယ်။ တစ်ပတ်ကို ၇နာရီအချိန်ပေးသင်ရမှာပါ။ သင်တန်းမှာတော့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေထဲက ယဉ်ကျေးမှုအကြောင်းတွေ၊ စာပေ ဝေဖန်အကဲဖြတ်နည်းတွေသင်ကြားရမှာပါ။

သိပ္ပံနည်းကျ ဟင်းချက်နည်း

ဒီသင်တန်းကတော့ ရက်သတ္တပတ် ၁၆ ပတ်တာကြာမြင့်ပါတယ်။ ကိုယ့်မီးဖိုချောင်ထဲမှာ ကိုယ်တိုင်စမ်းသပ်ချက်တွေလုပ်ရမှာပါ။ ဟင်းချက်တဲ့အခါ အစားအသောက်တွေပုံစံပြောင်းသွားတာ၊ တဆင့်ချင်းစီ အနေအထားပြောင်းလဲသွားတာတွေကို လေ့လာရမှာပါ။ ရူပဗေဒအပေါ်အခြေခံသင်ကြားတဲ့ ဟင်းချက်သင်တန်းဖြစ်ပါတယ်။

မြို့ပြများ

မြို့ပြတွေရဲ့ အရင်အခြေအနေ၊ လက်ရှိနဲ့ အနာဂတ်အခြေအနေတွေကို သဘောပေါက်နားလည်စေမှာပါ။ ကမ္ဘာတစ်ခွင်က မြို့ကြီးတွေဖြစ်တဲ့ လန်ဒန်၊ ရီယိုဒီဂျနေးရိုး၊ နယူးယော့၊ ရှန်ဟိုင်းနဲ့ မွန်ဘိုင်းတို့က case study တွေကို လေ့လာရမှာဖြစ်ပါတယ်။ ဟားဗက်မှာတော့ နောက်ထပ်အခမဲ့သင်ကြားပေးနေတဲ့ ဘာသာရပ်တွေလည်း ရှိပါသေးတယ်။ ဒီနေရာကဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ShweMom

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: