Thursday, December 7, 2023
HomeLifestyleသားသမီးတွေအတွက် မိဘကောင်းဖြစ်စေဖို့ လုံးဝလိုက်နာကျင့်သုံးရမယ့် အချက် (၆) ချက်

သားသမီးတွေအတွက် မိဘကောင်းဖြစ်စေဖို့ လုံးဝလိုက်နာကျင့်သုံးရမယ့် အချက် (၆) ချက်

လူတိုင်းက သားသမီးကောင်းဖြစ်ဖို့ကိုချည်းပဲ ဖိအားပေးဆုံးမနေတတ်ကြပါတယ်။ ဒါပေမဲ့လို့ မိဘကောင်းဖြစ်ကာမှ သားသမီးကောင်းတွေကို မွေးထုတ်ပေးနိုင်မယ်ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။ ဒီတော့ မိဘကောင်းဖြစ်ဖို့ဆိုရင် ဘယ်လိုအရာတွေကို ဆောင်သင့်ပြီး ဘယ်လိုအရာတွေကို ရှောင်သင့်တယ်ဆိုတာကို ကြည့်လိုက်ကြရအောင်။

a man and a woman assisting a girl while jumping
Photo by Agung Pandit Wiguna on Pexels.com

(၁) တောင်းပန်တတ်ရမယ်

ငါကအဖေမလို့၊ ငါကအမေမလို့ ပြန်ခံမပြောရဘူး၊ ငါပြောတာ အမှန်ဆိုတာချည်းပဲ တယူသန်စိတ်မထားသင့်တော့ပါဘူး။ ကိုယ်မှားတာရှိရင်၊ ကတိမတည်တာရှိရင် တောင်းပန်တတ်တဲ့ သတ္တိရှိနေပါစေ။

(၂) ကလေးတွေရဲ့ စိတ်ခံစားချက်ကို အရေးတယူပြုရမယ်

ကလေးတွေမှာလည်း သူ့အရွယ်နဲ့သူ စိတ်ဓာတ်ကျမယ်၊ အားငယ်မယ်၊ စိတ်ညစ်မယ် စတဲ့ စိတ်ရောဂါအခြေအနေလေးတွေ လူကြီးတွေအတိုင်း ရှိနေတတ်ပါတယ်။ ဒါတွေကို  ကိုယ်က ကလေးပဲ အပိုတွေလုပ်နေတယ်ဆိုပြီးတော့ မတွေးလိုက်ပါနဲ့။ ကလေးစိတ်ဒဏ်ရာရသွားနိုင်တာကြောင့် မကေင်းတဲ့ စိတ်အခြေအနေတိုင်းကို အလေးထားပြီး ဆက်ဆံပေးပါ။ နားထောင်ပေးပါ။

photo of happy family
Photo by Migs Reyes on Pexels.com

(၃) ကလေးနဲ့အတူတူ အိပ်မက်လိုက်မက်ရမယ်

ကလေးရဲ့စိတ်ကူးအိပ်မက်တွေကို အလေးထားပါ။ ဥပမာ ကိုယ်က ကလေးကိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်စေချင်ပေမယ့်လည်း ကလေးက သီချင်းဆိုတာ ဝါသနာပါနေမယ်ဆိုရင် သီချင်းနဲ့ ပတ်သက်တာကိုလည်း သေချာလေး သင်ပေးပြီး ကိုယ်ဖြစ်စေချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်အောင်လည်း တစ်ဖက်လှည့်နဲ့ ပံ့ပိုးပေးပါ။

(၄) ကလေးရဲ့ဆရာအဖြစ် ခံယူနိုင်ရမယ်

ကလေးဆိုတာမျိုးက မိဘတွေဟာ သူတို့ရဲ့ လက်ဦးဆရာလို့ ခံယူထားတတ်ကြပါတယ်။ ဟိုး စကားပြောတတ်ခါစကစလို့ အရွယ်ရောက်သည်အထိ သင့်ကို အားကိုးနေဦးမှာပါပဲ။ ဒါတွေကို ကိုယ်က စိတ်ရှည်ရှည်နဲ့ ပြောပြပေးနိုင်အောင် ပြင်ဆင်ထားပါ။ 

woman and three children playing water
Photo by Yulianto Poitier on Pexels.com

(၅) အချိန်ပေးရမယ်

သားသမီးကောင်းဖြစ်ဖို့ဆိုရင်တော့ မိမိကိုယ်တိုင်ကိုက စံပြမိဘကောင်းတစ်ယောက်ဖြစ်ဖို့ သိပ်ကိုအရေးကြီးပါတယ်။ အသက်ရွယ်ကြီးတဲ့အချိန်မှာ မိဘတွေအနေနဲ့ သားသမီးတွေရဲ့ ကြင်နာမှုကိုလိုချင်ရင် ကလေးတွေငယ်ကတည်းက ကိုယ်တိုင်ကလည်း ကြင်ကြင်နာနာနဲ့ အနီးကပ်တရင်းတနှီးပြုစုခဲ့သင့်ပါတယ်။

(၆) တင့်တင့်တယ်တယ်ထားနိုင်ရမယ်

တတ်အားသမျှ သားသမီးတွေအရွယ်ရောက်တဲ့အခါ ကောင်းကောင်းမွန်မွန်နဲ့ အနာဂတ်ခရီးလမ်းကို လျှောက်လှမ်းဖို့ဆိုရင် သားသမီးတွေကို တင့်တင့်တယ်တယ်နဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ရပါလိမ့်မယ်။ အခုခေတ်မှာ ကျောထောက်နောက်ခံရှိကာမှ တိုးတက်ဖို့ သေချာတဲ့ခေတ်ဆိုတာကိုတော့ မေ့မထားသင့်ပါဘူး။

penny

RELATED ARTICLES
- Advertisment -

Most Popular

%d