Wednesday, October 4, 2023
HomeLifestyleကောင်မလေးတွေ ငြင်းပယ်တာခံရလေ့ရှိတဲ့ အမျိုးသားများ

ကောင်မလေးတွေ ငြင်းပယ်တာခံရလေ့ရှိတဲ့ အမျိုးသားများ

ဒီနေ့မှာတော့ ကောင်မလေးတွေ ငြင်းပယ်လေ့ရှိတဲ့ အမျိုးသားတွေကို ဖော်ပြလိုက်ပါတယ်။ အမျိုးသားပရိသတ်ကြီး
အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်။ ကိုယ့်အခြေအနေကိုယ်သိပြီး ကိုယ့်ကိုယ်ကိုယ် ပိုတိုးတက်အောင်ကြိုးစားတာမျိုး၊ မဟုတ်လည်း လုံးဝလက်လျှော့လိုက်တာမျိုး လုပ်နိုင်ပါလိမ့်မယ်။

(၁) အခင်ဆုံးသူငယ်ချင်း

woman between men facing mountains
Photo by Phil Nguyen on Pexels.com

အခင်ဆုံးသူငယ်ချင်းတွေ ချစ်ရေးဆိုတဲ့အခါမှာ မိန်းကလေးတွေဘက်ကငြင်းတာ အကြောင်းပြချက် ရှိပါတယ်။ အဲဒါကတော့ သူငယ်ချင်းလို၊ အစ်ကိုလို၊ မောင်လိုပဲ ခင်မိတယ်ဆိုတာ သေချာလို့ပါ။ နောက်တစ်ခုကတော့ သိပ်ရင်းနှီးလွန်းလို့ လက်တည့်စမ်းတာလားဆိုတဲ့ အတွေးကြောင့် (အချစ်ကို တကယ်ကျကျနနမယုံသေးလို့) ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ သင့်အရင် တစ်စုံတစ်ယောက်က သူ့နှလုံးသားကို ပိုင်ဆိုင်ထားပြီးသား အခြေအနေမို့ပါ။

(၂) သိပ်ကိုတော်ပြီး မောက်မာလွန်းသူ

ဒါကလည်း အလွန်အမြင်ကတ်စရာကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ အများအားဖြင့် သူတို့တစ်တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ထူးချွန်ထက်မြက်လေ့ရှိပြီး ပုံစံက နည်းနည်း စောင့်ကြွားကြွား နိုင်ပါတယ်။ ဒီလို လူမျိုးကို အမျိုးသမီးတွေ ငြင်းဆန်လေ့ရှိပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ဆရာကြီးလို့ထင်သူ

photographed through a window man and woman sitting in a cafe
Photo by Mike Jones on Pexels.com

ဒါကတော့ ဒုတိယလူနဲ့ သိပ်မထူးပါဘူး။ သူ့မှာ ထူးခြားချက်က ရုပ်ရည်ပဲ ဖြစ်ပါတယ်။ ကောင်မလေးတွေ သဘောကျနိုင်မယ့် ရုပ်ရည်မျိုးပေါ့။ ဒါကို သူက အားကိုးပြီး ဘယ်သူ့ကို လိုက်လိုက် ရကိုရမယ်လို့ ထင်နေတဲ့ ဘဝင်သမားမျိုးပါ။ အမျိုးသမီးတွေဟာ သူတို့ကို ဒီလိုလူတွေချဉ်းကပ်လာပြီဆိုရင် တော်တော်လေး စဉ်းစားပါတယ်။ ရုပ်ကလေး ဗန်းပြပြီး အိုင်တွေ့တိုင်း ခြေဆေးမယ့်လူလား … ပေါ့တိပေါ့ပြက်လူလား … ဆိုပြီးပေါ့။

(၄) ခပ်တုံးတုံးအမျိုးသား

ရိုးတာနဲ့ အ,တာ မတူပါဘူး။ ဒါပေမယ့် ရိုးလွန်းရင် အ,သွားတတ်ပါတယ်။ အ,လွန်းတော့ ထုံသွားတတ်ပါတယ်။ ထုံလွန်းတော့ တုံးသွားတတ်ပါတယ်။ ဒီလို ငတုံးမျိုးကိုလည်း အမျိုးသမီးတွေဟာ သဘောကျလေ့ မရှိပါဘူး။

(၅) ပြင်ပအမြင်အရ ဆွဲ‌ဆောင်မှုမရှိသူ

man and woman sitting on chair
Photo by BM Capture on Pexels.com

တစ်ခါတလေ ကိုယ့်ရဲ့အဝတ်အစားနဲ့ ပုံစံကို ဟုတ်လှပြီ မှတ်နေတဲ့သူတွေ ရှိပါတယ်။ အမျိုးသမီးတွေ အမြင်မှာတော့ အဲဒီလိုပုံစံဟာ အူကြောင်ကြောင်၊ ဂေါက်တောက်တောက်၊ ခပ်ပိန်းပိန်းစတိုင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါက မိန်းကလေး
ရဲ့ ကြိုက်နှစ်သက်မှုကို မသိဘဲ ရမ်းသန်းပိုးမိနေတဲ့လူမျိုးပေါ့။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: