အမျိုးသမီးအများစုဟာ ကိုယ့်ကိုယ်ကို မိန်းမပီသမှုအဖြစ် သတ်မှတ်ထားကြတဲ့ အရာတွေထဲမှာ ဆံပင်ကထိပ်ဆုံးက ပါဝင်နေတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ဆံပင်ဟာ တင်းကျပ်တဲ့ကျားမစံနှုန်းကို မကြာခဏသတ်မှတ်လေ့ရှိတဲ့ အရာဖြစ်ပါတယ်။


ဒါပေမယ့် ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာတဲ့အချိန်မှာတော့ အမျိုးသမီးတွေဟာ ဒီသတ်မှတ်ချက်စံနှုန်းတွေကို ချန်ထားခဲ့ကြပါပြီ။ ဆံပင်ရှည်ထားခြင်းက အလုပ်ရှုပ်တယ်၊ စိတ်ဖိစီးမှုများစေတယ်လို့ သတ်မှတ်ရင်တော့ အတိုညှပ်လိုက်တာက အကောင်းဆုံးပဲ ဖြစ်ပါလိမ့်မယ်။ သူများတွေစိတ်ချမ်းသာဖို့တစ်ခုတည်းအတွက်နဲ့ ထိန်းသိမ်းဖို့အဆင်မပြေဖြစ်နေရင် ဒီဆံပင်ရှည်တွေကို ညှပ်လိုက်ပါ။


လူ့အဖွဲ့အစည်းက သတ်မှတ်တဲ့ပုံစံမျိုးဖြစ်နေဖို့က ကျွန်တော်တို့မှာ တာဝန်ရှိမနေပါဘူး။ ဆံပင်ညှပ်ဆရာ Kristina Katsabina က သူ့ရဲ့ဖောက်သည်တွေကို သူတို့စိတ်ကြိုက်ပုံစံ စတိုင်လ်အလိုက် ဆံပင်တိုလေးတွေညှပ်ပေးမယ့်သူအဖြစ် သူ့ကိုယ်သူ ခံယူထားသူတစ်ယောက် ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ ရဲဝံ့သတ္တိရှိမှုက ဘယ်လိုပြောင်းလဲမှုတွေကို ဖြစ်စေလဲဆိုတဲ့ အံ့မခန်းရလဒ်တွေကို ကြည့်လိုက်ရအောင်။