Thursday, December 7, 2023
HomeLifestyleBff တွေ တစ်သက်လုံး အခင်အမင်မပျက်ဘဲ အတူတူရှိနေဖို့ ဒါလေးတွေကိုလိုက်နာပါ

Bff တွေ တစ်သက်လုံး အခင်အမင်မပျက်ဘဲ အတူတူရှိနေဖို့ ဒါလေးတွေကိုလိုက်နာပါ

pixabay/stocksnack

Good Friend ဆိုတာထက် Best Friend Forever ဆိုတဲ့ အဓိပ္ပာယ်က ပိုပြီးနက်နဲပါတယ်။ Bff တွေက သူငယ်ချင်းသံယောဇဉ် ပိုပြီးရှည်တတ်ကြပါတယ်။ သူငယ်ချင်းတွေဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်သလို သူတို့ကိုလည်းဂရုစိုက်ပေးရပါတယ်။ အချင်းချင်းပွင့်လင်းရမယ်။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သိထားဖို့လိုပါတယ်နော်။

(၁) အကူအညီလိုရင် ကူညီပေးပါ

pixabay/trevoykellyphotography

သင့်အတွက်သူက အချစ်ရဆုံး bff ဆိုရင်တော့ သူအကူအညီလိုအပ်နေတဲ့အချိန်မှာ ကူညီပေးလိုက်ပါ။ သူအကူအညီလိုနေချိန်မှာ ရှောင်သွားတာတို့ ၊ မသိချင်ယောင်ဆောင်လိုက်တာတို့က သူငယ်ချင်းကောင်းတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။ သူလိုအပ်နေတဲ့အကူအညီကို မညည်းမညူဘဲ ကူညီပေးလိုက်ပါ။ တစ်နေ့ကျရင်လည်း သင့်အတွက် အကူအညီတစ်ခုကို ပြန်ရလာမှာပါ။ သူ့အတွက်လည်း သင်ဟာ တကယ်အားကိုးရလောက်တဲ့ သူငယ်ချင်းကောင်းဆိုတာကို ယုံကြည်သွားမှာပါ။ သူငယ်ချင်း သံယောဇဉ်လည်း ပိုခိုင်သွားမှာပါ။

(၂) အချင်းချင်း မလျှိုပါနဲ့

သူငယ်ချင်း အချင်းချင်း မလျှိုပါနဲ့။ သူ့အပေါ်မှာ လျှို့ဝှက်ချက်မထားပါနဲ့။ ပွင့်ပွင့်လင်းလင်းပြောပြီး တိုင်ပင်ပါ။ သူငယ်ချင်းကောင်း (Bff) ဖြစ်ချင်တယ်ဆိုရင်တော့ ကိစ္စမှန်သမျှ သူနဲ့မျှဝေပါ၊ မလျှို့ဝှက်ပါနဲ့၊ အကြံတောင်းပါ။ သူငယ်ချင်းကောင်း(Bff) တွေဆိုတာ ညီအစ်မအရင်းတွေလိုပါပဲ။

(၃) မှားနေတာရှိရင် အကြီးတစ်ယောက်လို ဆုံးမပေးပါ

သူငယ်ချင်းကောင်းဆိုတာက သူမှားနေတာရှိရင် အကြီးတစ်ယောက်လို ဆုံးမပေးပါ။ ကောင်းတဲ့လမ်းကို ပြပေးပါ။ သူအမှားလုပ်မိရင်တောင် ဘယ်ဟာကိုတော့ ပြင်သင့်တယ်ဆိုတာကို ပြောပေးပါ။ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ချောက်မတွန်းပါနဲ့။ ကောင်းတဲ့လမ်းကို ညွှန်ပြပေးပါ။ မနာလိုမဖြစ်ပါနဲ့။ စိတ်ထဲကနေ ဝမ်းသာပေးပါ။ ဘေးကနေ ကူညီပေးပါ။ အဲဒါတွေက သူငယ်ချင်းကောင်းတွေရဲ့ အပြုအမူတွေပါပဲ။

(၄) သူငယ်ချင်းပြဿနာက ကိုယ့်ပြဿနာလို့တွေးပါ

pixabay/Anemone123

သင့်အချစ်ဆုံးသူငယ်ချင်းရဲ့ပြဿနာဟာ သင့်ပြဿနာပါပဲလို့တွေးပါ။ အဲဒါမှ သူငယ်ချင်းကောင်းပီသမှာပါ။ သူ့မှာ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အမြဲသူ့ဘက်ကနေ လိုက်ပြောပေးတာတို့၊ သူ့ဘက်ကပဲ ပါတာမျိုးပါ။

(၅) သူငယ်ချင်းကို ဦးစားပေးပါ

ဒီအချစ်ဆုံးသူငယ်ချင်းလေးနဲ့ အပြင်သွားဖို့ စီစဉ်ထားကာမှ တခြားတစ်ယောက်က ချိန်းလာရင်တောင် ကိုယ့် သူငယ်ချင်းကိုပဲ အရင် ဦးစားပေးပါ။ သူ့ကိုပဲ ဦးစားပေးတယ်ဆိုတာကို ပြပေးလိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းကသာ ပထမ ဦးစားပေးဆိုတာကို သိအောင်လုပ်ပေးပါ။

RELATED ARTICLES
- Advertisment -

Most Popular

%d