Friday, April 19, 2024
HomeMenယောက်ျားတိုင်းသိထားသင့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ ယမကာမှီဝဲနည်း လမ်းညွှန်

ယောက်ျားတိုင်းသိထားသင့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာ ယမကာမှီဝဲနည်း လမ်းညွှန်

အရက်ဆိုတာ သောက်တတ်ရင်ဆေးဖြစ်နိုင်သလို၊ အလွန်အကျွံသောက်သုံးမိပါက ဘေးဖြစ်လာနိုင်ပါတယ်။ ဒီတော့ အမျိုးသားတိုင်းသိထားသင့်တဲ့ မှန်ကန်တဲ့အရက်သောက်နည်းကို One Medical မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

(၁) အရင်စားပါ

အရက်ကို နည်းနည်းပဲသောက်သောက်၊ ပျော့ပျော့ပဲသောက်သောက် အရင်ဆုံး ဗိုက်ထဲ တစ်ခုခုစားပြီးမှ သောက်သုံးသင့်ပါတယ်။ စားတယ်ဆိုတဲ့နေရာမှာလည်း ဖိုက်ဘာနဲ့ ပရိုတင်းဓါတ်ပါတာတွေကို ဦးစားပေးစားသုံးသင့်ပြီးတော့ အဆီများတဲ့ ဆီကြော်တွေကိုတော့ ရှောင်ကြဉ်ပါ။

two persons holding drinking glasses filled with beer
Photo by Tembela Bohle on Pexels.com

(၂) နားနားနေနေသောက်ပါ

ဆိုလိုတာ အရက်မသောက်ခင်နဲ့ သောက်ပြီးတဲ့အချိန်တွေမှာ နားနားနေနေ နေခိုင်းတာဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပင်ပန်းစေမယ့်အရာမျိုးတွေကို မလုပ်တာအကောင်းဆုံးပါ။ ဥပမာဆိုရင် အားကစားလုပ်တာမျိုးပေါ့။

(၃) ရေကို အဆက်မပြတ်သောက်သုံးပါ

အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရေဓါတ်တွေ အကုန်လုံးကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ အဲဒါကြောင့် အရက်သောက်နေစဉ်အတွင်းမှာရော အရက်သောက်ပြီးတဲ့အခါမှာရော ရေကို ခဏခဏသောက်သုံးပေးပါ။

a man in checkered shirt drinking water from a glass
Photo by Tima Miroshnichenko on Pexels.com

(၄) အချိုအရမ်းမစားပါနဲ့

အချိုဓါတ်အများကြီးစားခြင်းဟာ ပိုပြီးမူးယစ်စေတာကို သတိထားပါ။

(၅) သောက်သင့်တဲ့ limit

အမျိုးသမီးတွေဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ဖို့ တစ်နေ့ကိုတစ်ခွက်တည်းသာသောက်သင့်ပြီး အမျိုးသားတွေဆိုရင်တော့ ၂ ခွက်သာသောက်သင့်ပါတယ်။

men sitting in restaurant drinking beer
Photo by Matheus Bertelli on Pexels.com

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading