Wednesday, October 4, 2023
HomeWomanစိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု

စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာ (၅) ခု

မိန်းကလေးတွေဟာ အောင်မြင်ချင်တဲ့ သူတွေချည်းပါပဲ။ ဒါပေမယ့် အဲလိုအောင်မြင်ဖို့အတွက် အလိုအပ်ဆုံးက ရည်မှန်းချက်ကြီးပြီး ရည်မှန်းထားတဲ့အတိုင်းဖြစ်လာဖို့ ကိုယ့်အားကိုယ်ကိုးရပါမယ်။ တကယ်လို့ သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တစ်နေ့ကျိန်းသေပေါက်အောင်မြင်လာမယ့် ရည်မှန်းချက်ကြီးပြီး ကိုယ့်အားကိုယ်ကိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။

(၁) ပြဿနာတိုင်းကို ကိုယ့်ဘာသာကိုယ်ဖြေရှင်းတယ်

woman wearing white top holding smartphone and tablet
Photo by Andrea Piacquadio on Pexels.com

သင့်မှာကြုံတွေ့နေရတဲ့ ပြဿနာတွေ အများကြီးရှိမှာပါ။ ဒါပေမယ့် သင်ဟာ ဒီပြဿနာတွေကို စာဖွဲ့ပြီး ညည်းညူနေတတ်သူတစ်ယောက် မဟုတ်ပါဘူး။ တော်ရုံတန်ရုံပြဿနာတွေကို ကိုယ့်ဘာသာကို အဆင်ပြေအောင်ဖြေရှင်းလေ့ရှိသူပါ။ ဒီလိုဖြေရှင်းပါများလာတော့ သူများအတွက် အရမ်းကြီးမားတဲ့ ပြဿနာတွေတောင် သင့်အတွက်တော့ အရမ်းမခက်ခဲတော့ပါဘူး။

(၂) ဝေဖန်တာတွေကိုလျစ်လျှူရှုတတ်တယ်

သင်ဟာ သင့်ကိုဝေဖန်လာသမျှကိစ္စတွေကို အထူးတလည် ခေါင်းထဲထည့်ပြီး စဉ်းစားနေမယ့်သူတစ်ယောက် မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ ဘယ်သူတွေဘာပြောပြော သင့်အကြောင်း သင်အသိဆုံးဖြစ်သလို၊ လူတွေက ဝေဖန်ဖို့အပြင် ဘာမှမလုပ်တတ်မှန်း သင်သေချာသိနေလို့ပါ။ ဒါကြောင့် ဘယ်သူဘာပြောပြော လုပ်သင့်လုပ်ထိုက်တာတွေနဲ့၊ သင်လုပ်နေတဲ့ အရာတွေကို ရပ်တန့်လိုက်မယ့်သူမျိုးမဟုတ်ပါဘူး။

(၃) ခေါင်းမာတယ်

woman wearing white shirt
Photo by Christina Morillo on Pexels.com

ခေါင်းမာတာက နေရာတကာမှာတော့ မကောင်းပါဘူး။ ဒါပေမယ့် သင့်ရဲ့ရည်မှန်းချက်၊ သင့်ရဲ့ ယုံကြည်ရာတစ်ခုခုနဲ့ ပတ်သက်လို့ ဘယ်သူတွေ ဘယ်လောက်အဆိုးဖက်ကပြောပြော ခေါင်းမာမာနဲ့ ဆက်လုပ်နေမယ့်သူမျိုးပါ။ တစ်ခါတလေ ဒီကိစ္စနဲ့ပတ်သက်လို့ လူတော်တော်များများနဲ့ အဆင်မပြေတတ်ပေမယ့် သင်ကတော့ ဆက်ပြီးခေါင်းမာနေဦးမှာပါ။ ဘာလို့လဲဆိုတော့ သင်က စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေးတစ်ယောက်မို့ပါ။

(၄) အကောင်းမြင်စိတ်ရှိတယ်

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတော်တော်များများရဲ့ တူညီတဲ့အချက်က အကောင်းမြင်စိတ်ပါပဲ။ သူတို့ဟာ အရာရာကို အကောင်းမြင်ပြီးဖြစ်လာတဲ့ အဆိုးတွေကိုတောင် အကောင်းဖက်ကနေ တွေးတတ်တဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝမှာ ဘယ်လိုပြဿနာမျိုးပဲလာလာကောင်းတဲ့ ရှုထောင့်က အမြဲကြည့်တတ်တာကြောင့် သူတို့စိတ်ဟာ ဘယ်တော့မှ ပြိုလဲသွားမှာ မဟုတ်ပါဘူး။

(၅) ကိုယ်ပိုင်စည်းမျဥ်းရှိတယ်

woman wearing pink collared half sleeved top
Photo by Moose Photos on Pexels.com

စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတော်တော်များများဟာ စည်းထားတဲ့ အကျင့်ရှိပါတယ်။ သူတု့ိမှာ ကိုယ်ပိုင်စည်းမျဥ်းတွေရှိတယ်၊ ကိုယ်ပိုင်သတ်မှတ်ချက်တွေရှိတယ်။ အဲဒီ့အရာတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လိုက်နာစောင့်ထိန်းနိုင်အောင် ကြိုးစားကြပါတယ်။ အခြေအနေအရ၊ တစ်ယောက်ယောက်ရဲ့တွန်းအားပေးချက်အရ ဘယ်တော့မှ  သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းကို ဖောက်ဖျက်ကြမှာမဟုတ်ပါဘူး။

Em Em (Shwemom)

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: