စိတ်ဖိစီးမှု(stress) တွေဟာ လူတိုင်းမှာ ရှိတတ်ပါတယ်။ အဲဒီလို stress တွေဟာ တစ်နေရာတည်းကနေ လာတာမဟုတ်ပါဘူး။ နေရာပေါင်းစုံကနေ ပုံစံပေါင်းစုံနဲ့ ကိုယ့်ရဲ့စိတ်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ မိသားစုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ ချစ်သူရည်းစားကိစ္စတွေ၊ စားဝတ်နေရေးကိစ္စတွေ အစရှိတဲ့ ကိစ္စတွေကနေ လူတိုင်းနီးပါး stress တွေကို ရတတ်ပါတယ်။ များသောအားဖြင့် လူတော်တော်များများ ခံစား၇တဲ့ stress တွေဟာ လူမှုရေးနယ်ပယ်နဲ့ စီးပွားရေးနယ်ပယ်ကနေ ဝင်ရောက်လာတဲ့ stress တွေပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ အဲဒီလိုမျိုး နယ်ပယ် ၂ ခုကနေ ဝင်ရောက်လာတဲ့ stress တွေကို ဘယ်လိုနည်းနဲ့ ဖြေလျှော့ကြမလဲဆိုတဲ့ နည်းလမ်း ၆ မျိုးကို Shwemom ပရိသတ်ကြီးသိအောင် ပြောပြပေးသွားချင်ပါတယ်။

၁။ လုပ်ငန်းခွင်ကို အလုပ်လုပ်ချင်စရာ နေရာလေးတစ်ခုဖြစ်အောင် တည်ဆောက်ပါ
ကိယ့်ရဲ့စားပွဲပေါ်မှာ ကိုယ်ကြည့်လိုက်တာနဲ့ ရင်အေးသွားစေမယ့် အရာမျိုးလေးတွေ ဥပမာ- ပန်းအိုးသေးသေးလေးပဲဖြစ်ဖြစ်၊ ကိုယ်သဘောအကျဆုံး လူတစ်ယောက်ရဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ဖြစ် ထားရှိပါ။ ဘာ့ကြောင့်လဲဆိုတော့ လုပ်ငန်းခွင်ဟာ စိတ်ဖိစီးမှု အများဆုံးနေရာဖြစ်တာကြောင့် တစ်ခုခု စိတ်ညစ်လာတိုင်း ကိုယ်ရဲ့ လုပ်ငန်းခွင်နေရာလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း စိတ်အပန်းဖြေနိုင်အောင်လို့ပါ။
၂။ ပတ်ဝန်းကျင်ကလူတွေနဲ့ သဟဇာတဖြစ်အောင်နေပါ
ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ ရှိတဲ့လူတွေနဲ့ကော၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေနဲ့ကော တည့်အေင်နေပါ။ ရှင်းရှင်းပြောရရင်တော့ အကောင်းမြင်ဝါဒီသမားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ အရာရာတိုင်းကို အကောင်းမြင်တတ်နေရင် စိတ်ဖိစီးမှုဆိုတာ ဘာမှန်းမသိအောင်ကို ဖြစ်နေမှာ အမှန်ပါပဲ။

၃။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါ
အားကစားလုပ်တယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရုံတင်မဟုတ်ပဲ စိတ်ကောကျန်းမာစေတဲ့ အရာတစ်ခုပါ။ ဥပမာ- မနက်စောစောလေးထပြီး ပြေးတာတို့၊ အလုပ်ကပြန်လာတိုင်း ချွေးထွက်သွားအောင် လေ့ကျင့်ခန်းလုပ်တာမျိုးတို့ကို တစ်နေ့တစ်ခါလောက် ပြုလုပ်သင့်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်ဟာ စိတ်ကော၊ လူကော ကျန်းမာတဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။
၄။ မိမိကိုယ်ကို relax ဖြစ်အောင်နေပါ
လက်ရှိအချိန်ဟာလည်း COVID 19 ဖြစ်တာကြောင့် လူတိုင်းနီးပါး အိမ်ကနေပဲ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်စိတ်ကို ပိုပြီး relax လုပ်ပေးသင့်ပါတယ်။ တစ်နေကုန် laptop ရှေ့ထိုင်ပြီး အလုပ်လုပ်နေတာမျိုး မဟုတ်ပဲ နေ့ခင်းနေ့လည်း ၁ နာရီလောက် အိပ်လိုက်တာပဲဖြစ်ဖြစ်၊ ခဏတဖြုတ် မျက်စိကို အနားပေးပြီး လဲလျောင်းနေတာမျိုးဖြစ်ဖြစ် လုပ်သင့်ပါတယ်။

တရားထိုင်တာကတော့ အထိရောက်ဆုံးနဲ့ စိတ်ဖိစီးမှုကို အလျော့ကျစေနိုင်ဆုံး အရာတစ်ခုပါ။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်အထိ တရားလေးထိုင်ကြည့်ပါ။ တရားစထိုင်ကာစမှာ စိတ်တွေ မတည်ငြိမ်နိုင်ပေမယ့် နောက်ပိုင်း တရားထိုင်တာများသွားရင် လူက တရားထိုင်ပြီးတိုင်း နေလို့ထိုင်လို့ အရမ်းကောင်းနေမှာ အမှန်ပါပဲ။
၆။ အဟာရသင့်တင့်လျှောက်ပတ်တဲ့ အစားအစာတွေကို စားသုံးပါ
လူတစ်ယောက် stress တွေ လျော့ကျစေဖို့ဆိုတာ ကိုယ်စားတဲ့ အစားအသောက်နဲ့လည်း သက်ဆိုင်ပါတယ်။ တစ်နေ့တစ်နေ့ အဆီအဆိမ့်တွေ၊ အသားတွေပဲ စားနေမယ့်အစား အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံလေးတွေကို များများစားသုံးပေးပါ။ ဒီလိုမျိုး စားသုံးမယ်ဆိုရင်တော့ stress တွေ အနည်းနဲ့ အများလျော့ကျသွားမှာတော့ အမှန်ပါပဲ။

Pyi Hein Kyaw