အမှောင်ထုရဲ့အသံ(Voice) ကိုးရီးယားဇာတ်လမ်းတွဲဟာ လူကြိုက်များအောင်မြင်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တာကြောင့် season 4 အထိကို ထွက်ရှိထားခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပြီး season 1 တွင် မင်းသမီး Lee Ha-na, မင်းသား Jang Hyuk, Kim Jae Wook တို့အဓိကပါဝင်ခဲ့တာဖြစ်ပြီး season 2 နဲ့ 3 တွင် မင်းသား Lee Jin-wook ကပါဝင်ထားခဲ့ကာ season 4 မှာတော့ မင်းသား Song Seung-heon က ပါဝင်သရုပ်ဆောင်ထားပါတယ်။

အရေးပေါ်ခေါ်ဆိုမှုစင်တာ 112 ကနေ သူတို့ဆီအကူအညီတောင်းခံလာတဲ့ လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ကာ ရာဇဝတ်မှုတွေကို တိုက်ဖျက်ကြမယ့် မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး တခြားသူတွေမကြားရနိုင်တဲ့ အနိမ့်သံတွေကိုတောင် ကြားနိုင်တဲ့ အရေးပေါ်ခေါ်ဆိုမှုစင်တာရဲ့ စင်တာမှူး Kang Kwon-Joo (Lee Ha Na) နဲ့ ထူးချွန်ပြောင်မြောက်တဲ့ စုံထောက်တစ်ဦး ပြီးတော့ အဖွဲ့သားတွေရဲ့ ကွင်းဆက်လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ကြမယ့် စိတ်ဝင်စားဖွယ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ K-drama ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်မှာ သေချာပါတယ်။
အမှောင်ထုရဲ့အသံ (Voice) ကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီနော်။