Tuesday, October 3, 2023
HomeEntertainmentကြည့်ရှုမှုအများဆုံး ဒရာမာတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ အချစ်ဟာသ တရုတ်ဇာတ်လမ်းတွဲ Love O2O

ကြည့်ရှုမှုအများဆုံး ဒရာမာတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ အချစ်ဟာသ တရုတ်ဇာတ်လမ်းတွဲ Love O2O

Love O2O တရုတ်ဒရာမာဇာတ်လမ်းတွဲဟာ စာရေးဆရာမ Gu Man ရေးသားထားတဲ့ အမည်တူဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ 2016 ခုနှစ်ထွက် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသမီး Zheng Shuang နဲ့ မင်းသား Yang Yang တို့က အဓိကပါဝင်ထားတာဖြစ်ပြီး ဇာတ်ကောင် Xiao Nai နဲ့ Bei Weiwei တို့ရဲ့အချစ်ဇာတ်လမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။

pinterest

Love O2O ဇာတ်လမ်းတွဲကို အွန်လိုင်းကြည့်ရှုသူပေါင်း 25.2 ဘီလီယံကျော်အထိ ရှိခဲ့တာဖြစ်ကာ တရုတ်ခေတ်ပေါ်ဒရာမာတွေထဲမှ ကြည့်ရှုသူအများဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် 2021 ခုနှစ် သြဂုတ်လမှာတော့ တရုတ်အစိုးရကနေ မင်းသမီး Zheng Shuang ရဲ့ အခွန်ရှောင်ခြင်းအပါအဝင် တခြားသောကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှုရှိခဲ့ပြီး အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာကြောင့် ဒီဒရာမာဇာတ်လမ်းတွဲကို တရားဝင်ပိတ်ပင်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲပုံစံက Bei Weiwei (Zheng Shuang) ဟာ ကွန်ပျူတာသိပ္ပံတက္ကသိုလ် ကျောင်းသူတစ်ဦးဖြစ်ပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ online game developer တစ်ဦးဖြစ်ချင်သူဖြစ်ကာ Chinese Ghost Story ဂိမ်းတွင် သူမရဲ့ကစားသမားအမည်က Luwie Weiwei ဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းတွင် သူမရဲ့ခင်ပွန်းဖြစ်သူ Zhenshui Wuxiang က သူမကိုစွန့်ပစ်ခဲ့ပြီးနောက် လူတွေက သူမနဲ့လက်ထပ်ရန်အကြံပေးတဲ့ နံပါတ်တစ်ကစားသမား Yixiao Naihe ထံချဉ်းကပ်ခဲ့ပြီး ဂိမ်းအတွင်း စွန့်စားခန်းတွေ အတူတူဖွင့်ခဲ့ကြပါတယ်။

pinterest

Weiwei ဟာ အွန်လိုင်းဂိမ်းပေါ်က ခင်ပွန်းဟာ ကောလိပ်ကျောင်းသား Xiao Nai (Yang Yang) ဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက် တကယ့်အပြင်မှာ ဆုံမိကြတဲ့အခါ တကယ်ရော ချစ်မိသွားမလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

Love O2O တရုတ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: