လျှို့ဝှက်သောကျွန်းငယ် (Remember 15) ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ သည်းထိတ်ရင်ဖို ဒရာမာအမျိုးအစားဖြစ်ပြီး Yod Chiangmun Ngamkanokwan, Lalil Kittitanaphan, Naphat Chitveerapat နဲ့ Baison Jinatcha Maneesriwong တို့က ဇာတ်ညွှန်းရေးသားထားကြကာ ဒါရိုက်တာ Pai Ekkapop Paiaree က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Ray Venita Loywattanakul, Sairung Prapakon Chairak, Pure Purewarin Kosiriwalanon, Nut Theerarat Wongchuen, Kaimuk Nilawan Iamchuasawad, Pinomyim Thanchanok Pakarat, Noon Khingkarn Boonma, မင်းသား Zee Pruk Panich, Tommy Sittichok Pueakpoolpol, Jimmy Karn Kritsanaphan, Ace Chitsanupong Sakunnanthiphat, Title Tanatorn Saenangkanikorn နဲ့ Boss Daranpope Charmpoonod စတဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်က ကိုယ့်ကိုယ်ကိုသတ်သေခဲ့တယ်လို့ အများကယူဆထားကြတဲ့ ကျောင်းရဲ့ကြယ်ပွင့် Lyla ဆီကနေ ‘အားလုံးကိုလွမ်းတယ် ဒီကျွန်းမှာပြန်ဆုံကြမလား’ ဆိုတဲ့ ပဟေဠိဆန်တဲ့ မက်ဆေ့ချ်ဟာ သူမရဲ့အထက်တန်းကျောင်းသူဟောင်းတွေ၊ စီနီယာတွေနဲ့ သူမရဲ့ညီမဖြစ်သူဆီကိုပါ ပေးပို့လာခဲ့ပါတယ်။ သေဆုံးသွားခဲ့တာကြာပြီဖြစ်တဲ့ သူမဟာ ဒီစာကိုဘယ်လိုမျိုးပို့လဲဆိုတာကို အားလုံးက အံ့သြနေခဲ့ကြပါတယ်။

မက်ဆေ့ချ်လက်ခံရရှိတဲ့သူ 12 ယောက်ဟာ လွန်ခဲ့တဲ့ငါးနှစ်က Lyla သေဆုံးသွားခဲ့တဲ့နေရာဖြစ်တဲ့ သဲကန္တာရကျွန်းလေးကို တစ်ခေါက်ပြန်လာခဲ့ကြပါတယ်။ သူတို့လက်ခံရရှိခဲ့တဲ့ ဒီမက်ဆေ့ချ်ကို ဘယ်သူပေးပို့လဲဆိုတဲ့ အမှန်တရားကိုရှာဖွေဖို့ ရောက်ရှိလာခဲ့ကြပေမယ့် အမှန်တရားနဲ့ပိုနီးကပ်လာလေလေ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့အတိတ်ကို တွေ့ရှိလာလေလေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းလို့ သတ်မှတ်ထားတဲ့ ဒီလူတွေရဲ့ မှောင်မိုက်တဲ့လျှို့ဝှက်ချက်တွေက ဒီသဲကန္တာရကျွန်းတွင် ထိတ်လန့်ဖွယ်သွေးထွက်သံယို မြင်ကွင်းတွေနဲ့ ကြုံတွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ သူတို့တွေဆီမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေခဲ့တာလဲ။ သူတို့ ဒီကျွန်းပေါ်ကနေ အသက်ရှင်လျက်နဲ့ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
လျှို့ဝှက်သောကျွန်းငယ် (Remember 15) သည်းထိတ်ရင်ဖို ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။