Thursday, June 1, 2023
HomeEntertainmentကမ္ဘာကြီးကို ပျက်သုဉ်းမှုမှ ကာကွယ်ကြမယ့် သူရဲကောင်းတစ်စုရဲ့ဇာတ်လမ်း "The Taoism Grandmaster"

ကမ္ဘာကြီးကို ပျက်သုဉ်းမှုမှ ကာကွယ်ကြမယ့် သူရဲကောင်းတစ်စုရဲ့ဇာတ်လမ်း “The Taoism Grandmaster”

The Taoism Grandmaster တရုတ်ဇာတ်လမ်းတွဲဟာ ရှေးခေတ်စိတ်ကူးယဉ် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Chan Sap Sam က ဇာတ်ညွှန်းရေးသားထားကာ ဒါရိုက်တာ Wong Chun Man က ရိုက်ကူးပုံဖော်ထားပါတယ်။

pinterest.com

ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Tong Meng Shi, Tim Pei, Zhao Yue နဲ့ မင်းသမီး Wang Xiu Zhu တို့က အဓိကပါဝင်ထားပြီး He Zhong Hua, Huang Zi Xi, Wang Zi Chen, Li Dai Kun နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

pinterest.com

The Taoism Grandmaster ရဲ့ ဇာတ်လမ်းပုံစံက ကမ္ဘာပျက်လုနီးပါး ဖြစ်နေတဲ့အချိန်တွင် ကမ္ဘာကြီးကိုကယ်တင်ဖို့ Taoist grandmaster တစ်ဦး ပေါ်ထွက်လာလိမ့်မယ်ဟု လွန်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်ကျော်ကတည်းက ကြိုဟောကိန်းထုတ်ချက်တွေ ရှိခဲ့ပါတယ်။ ဒီလိုနဲ့ လူတွေကို တိုက်ပွဲဝင်ဖို့ အခွင့်အရေးပေးတဲ့အနေနဲ့ မသေမျိုးတွေဟာ မြင့်မြတ်တဲ့ဒိုင်းကိုရှာဖွေရန် ပါရမီရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း သုံးထောင်ကျော်ကဟောကိန်းက တကယ်ပဲမှန်ကန်မှာလား ကမ္ဘာကြီးမပျက်သုဉ်းသွားအောင် တကယ်ပဲ သူတို့တားဆီးကာကွယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမယ့် စိတ်ကူးယဉ် ဒရာမာဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

The Taoism Grandmaster တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: