Wednesday, October 4, 2023
HomeEntertainmentကိုယ်စီအိပ်မက်တွေအတွက် ကြိုးစားနေကြတဲ့ လူငယ်တစ်စုရဲ့ ဟာသဆန်ဆန်ဘဝဇာတ်လမ်း "Ladies and Boys"

ကိုယ်စီအိပ်မက်တွေအတွက် ကြိုးစားနေကြတဲ့ လူငယ်တစ်စုရဲ့ ဟာသဆန်ဆန်ဘဝဇာတ်လမ်း “Ladies and Boys”

ဒိုင်းနမိုက် သူငယ်ချင်းတစ်သိုက် (Ladies and Boys) တရုတ်ဇာတ်လမ်းတွဲလေးဟာ လူငယ်ဟာသဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Gavin Xie နဲ့ မင်းသမီး Vanessa Cai တို့က အဓိကပါဝင်ထားကြပါတယ်။

နောက်ပြီး Chen Xin Yu, Yang Hao Yu, Yue Yao Li, Jia Jing Hui, Jin Shi Jia, Li Jia Hang နဲ့ တခြားအနုပညာရှင်များစွာက ပါဝင်အားဖြည့်ပေးထားကြကာ ဒီဇာတ်လမ်းတွဲတွင် ဧည့်သည်သရုပ်ဆောင်အဖြစ် Sun Yu Han ကလည်း ပါဝင်ပေးထားတာပါ။

youtube.com

ဇာတ်လမ်းပုံစံက သူတို့ရဲ့ကြီးမားတဲ့ အိပ်မက်ပန်းတိုင်တွေအတွက် ကြိုးစားအကောင်အထည်ဖော်ကြတဲ့အချိန်မှာ တွေ့ကြုံကြရမယ့် လွဲချော်မှုလေးတွေနဲ့ ပရမ်းပတာဖြစ်မှုတွေကို ဟာသဆန်ဆန်တွေ့မြင်ရမယ့် လူငယ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

သူတို့ရဲ့အိပ်မက်တွေအတွက် ကြိုးစားရှင်သန်သွားကြရင်း ဘဝမှာပျော်စရာအခိုက်အတန့်လေးတွေ ရယ်မောစရာအခိုက်အတန့်လေးတွေကို တွေ့မြင်ခွင့်ရမယ့် ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ ဒိုင်းနမိုက် သူငယ်ချင်းတစ်သိုက် (Ladies and Boys) လူငယ်ဟာသဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: