၃၁ ရက်ခြားကမ္ဘာ (Kairos) ကိုးရီးယားဒရာမာဇာတ်လမ်းတွဲဟာ 2022 ခုနှစ်တွင် ထွက်ရှိလာခဲ့တာဖြစ်ပြီး Lee Soo-hyun က ဇာတ်ညွှန်းရေးသားကာ ဒါရိုက်တာ Park Seung-woo ကရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Shin Sung-Rok, Ahn Bo-hyun, မင်းသမီး Lee Se-young, Nam Gyu-ri နဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Kim Seo-Jin (Shin Sung-Rok) ဟာ သူ့ရဲ့ဘဝမှာအောင်မြင်မှုရရှိအောင် ကြိုးစားနေတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုကြောင့် သူဟာကုမ္ပဏီရဲ့ အသက်အငယ်ဆုံး အမှုဆောင်တစ်ဦးဖြစ်လာခဲ့ပါတယ်။ Kim Seo-Jin ဟာ ချောမောလှပပြီး တယောဆရာမတစ်ဦးဖြစ်တဲ့ ဇနီးဖြစ်သူ Kang Hyun-Chae (Nam Gyu-Ri) နဲ့ သမီးလေးတစ်ယောက်တို့နဲ့အတူ ပြီးပြည့်စုံတဲ့ကမ္ဘာလေးတစ်ခုကို တည်ဆောက်ထားခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ထင်မှတ်မထားပဲ သူ့ရဲ့သမီးလေး ပြန်ပေးဆွဲခံလိုက်ရတဲ့အခါမှာတော့ Kim Seo-Jin ရဲ့ပြီးပြည့်စုံတဲ့ ကမ္ဘာကြီးဟာ ပျက်စီးသွားခဲ့ပါတယ်။ Kim Seo-Jin တစ်ယောက် မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အတိတ်ကိုပြောင်းလဲပစ်ရန်အတွက် လွန်ခဲ့တဲ့တစ်လခန့်က သူဟာ Han Ae-Ri (Lee Se-Young) ကို ဆက်သွယ်ခဲ့ပါတယ်။

Han Ae-Ri ဟာ နာမကျန်းဖြစ်နေတဲ့ မိခင်ရဲ့ခွဲစိတ်မှုအတွက် လိုအပ်တဲ့ငွေရရှိနိုင်ဖို့ သူမရဲ့ကျောင်းတစ်ဖက်နဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်နေခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့အမေဟာ ရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ သူမမျှော်လင့်ချက်တွေ ပျောက်နေတဲ့အချိန်တွင် အနာဂတ်မှ Kim Seo-Jin ဟာ သူမဆီဆက်သွယ်လာခဲ့ပါတယ်။
၃၁ ရက်ခြားကမ္ဘာ (Kairos) စိတ်ကူးယဉ် ကိုးရီးယားဒရာမာ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။