Thursday, December 7, 2023
HomeEntertainmentခပ်ဆိုးဆိုးမိန်းကလေးနဲ့ အိမ်နီးချင်းကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ‘Devil Sister’

ခပ်ဆိုးဆိုးမိန်းကလေးနဲ့ အိမ်နီးချင်းကောင်လေးတို့ရဲ့ အချစ်ဇာတ်လမ်းလေး ‘Devil Sister’

Devil Sister ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ ‘Beauty and the Guy’ ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Pechaya Wattanamontree နဲ့ မင်းသား Metawin Opas-iamkajorn တို့အဓိကပါဝင်ထားတာဖြစ်ကာ နတ်ဆိုးအသွင်ပြောင်းထားတဲ့ မိန်းကလေးနဲ့ ဘေးအိမ်ကကောင်လေးတို့ကြားက အချစ်ဇာတ်လမ်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ Devil Sister ဇာတ်လမ်းတွဲကို ဒါရိုက်တာ Ekkasit Trakulkasemsuk နဲ့ Pantip Vibultham တို့က ရိုက်ကူးထားတာ ဖြစ်ကာ GMMTV နဲ့ Keng Kwang Kang ကုမ္ပဏီတို့က ပူးပေါင်းထုတ်လုပ်ရိုက်ကူးထားတာပါ။

Pinterest

ဇာတ်လမ်းပုံစံက Bannasorn Publishing House တွင်နေထိုင်တဲ့ မိန်းကလေး Irin (Min Pechaya) ဟာ သူမရဲ့ခပ်ကြမ်းကြမ်းပုံစံ မကြောက်မရွံ့တဲ့အမူအရာကြောင့် နတ်ဆိုး သရဖူဆောင်းထားသူအဖြစ် လူတွေကသတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှမသိတဲ့အမှန်တရားကတော့ သူမရဲ့ခုလိုမျိုးအမူအရာတွေဟာ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပါတယ်။

Pinterest

Irin ခုလိုမျိုးအမူအရာနဲ့ နေထိုင်တာက သူမရဲ့ညီမဖြစ်သူ Inn (Piploy Kanyarat) ကို ပိုပေါ်လွင်စေပြီးတော့ အားလုံးရဲ့ချစ်ခင်ခြင်းကို ခံရတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် Irin တစ်ယောက် ဘယ်လောက်ပဲထိတ်လန့်စရာကောင်းတဲ့ အပြုအမူတွေကို လုပ်ဆောင်နေပါစေ ငယ်ရွယ်တဲ့အိမ်နီးချင်းကောင်လေး Namcha (Win Metawin) ကတော့ သူမကိုသဘောကျ ချစ်မိနေခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ Irin နဲ့ Namcha တို့ဟာ ကျောင်းသားဘဝတုန်းက တွဲဖူးခဲ့ကြတာဖြစ်ပြီး အကြောင်းအရင်းအချို့ကြောင့် Irin က ရှင်းပြချက်မရှိ လမ်းခွဲသွားခဲ့တာဖြစ်ပါတယ်။ Namcha က အခုအချိန်မှာတော့ ဆေးရုံတွင် တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးအဖြစ် လုပ်ဆောင်နေခဲ့တာဖြစ်ပြီး သူ့ရဲ့အချစ်ဦးကို မမေ့နိုင်သေးတာကြောင့် သူ့ဘဝရဲ့ချစ်မြတ်နိုးရသူနဲ့ ပေါင်းစည်းနိုင်ရန်အတွက် ဘာမဆိုလုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။

Pinterest

Irin ကတော့ Namcha ဟာ သူမကိုအခုအချိန်အထိ ချစ်နေသေးတာကို မယုံကြည်တာကြောင့် Namcha တစ်ယောက် Irin မှားနေကြောင်းကို သက်သေပြရန် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ဒုတိယမြောက်အချစ်ရေးဟာ အတားအဆီးတွေနဲ့ ပြည့်နှက်နေခဲ့တာဖြစ်ကာ ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ထားတဲ့ကောင်မလေးနဲ့ အိမ်နီးချင်းကောင်လေးတို့ရဲ့အချစ်ရေးအခြေအနေက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို  ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းတွဲကောင်းလေး ဖြစ်ပါတယ်။

Devil Sister ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d