Wednesday, October 4, 2023
HomeEntertainmentငွေကလွဲပြီး ကျန်တာစိတ်မဝင်စားတဲ့ သက်တော်စောင့်ရဲ့ချစ်ဖူးစာ "Balakrishnudu"

ငွေကလွဲပြီး ကျန်တာစိတ်မဝင်စားတဲ့ သက်တော်စောင့်ရဲ့ချစ်ဖူးစာ “Balakrishnudu”

Balakrishnudu ဟာ အချစ်အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဒါရိုက်တာ Pavan Mallela ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် မင်းသား Nara Rohit, မင်းသမီး Regina Cassandra နဲ့ Ramya Krishna တို့က အဓိကပါဝင်ထားပြီး Adithya Menon, Ajay, Kota Srinivasa Rao, Pruthviraj နဲ့ အခြားသရုပ်ဆောင်တွေများစွာက ပံ့ပိုးကူညီထားကြပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက Balu ဟာ လွတ်လပ်တဲ့ စိတ်ဓာတ်ရှိသူ လူငယ်တစ်ဦးဖြစ်ပြီး သူ့ရဲ့ဘဝတွင် ငွေရှာဖို့က အဓိကဦးစားပေးအရာတစ်ခုပါ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ Balu ဟာ Raghunandan Yadav ရဲ့အရိပ်အောက်တွင် ကြီးပြင်းလာခဲ့ရသူလည်း ဖြစ်ပါတယ်။

youtube.com

Aadhya ရဲ့မိသားစုက ရန်သူတွေဆီကနေ ကာကွယ်နိုင်ရန်အတွက် Balu ကို ကိုယ်ရံတော်အဖြစ် ငှားရမ်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားတဲ့ အကျိုးဆက်က သူဟာ Aadhya ကို ချစ်မိသွားခဲ့တာပါပဲ။

Balu ရဲ့ဘဝဟာ ငွေကိုမက်မောခြင်းကြောင့် ဒုက္ခရောက်ခဲ့ရတာဖြစ်ပြီး သူနဲ့ Aadhya ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ဒီအကြောင်းအရာကြောင့်ပဲ ရှုပ်ထွေးနေခဲ့ပါတယ်။

အချစ်အက်ရှင်ဇာတ်ကား Balakrishnudu ကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: