ဉာဏ်ကြီးရှင် ချစ်သူမောင် (Le Coup de Foudre) ဇာတ်လမ်းတွဲဟာ လူငယ်အချစ် ဟာသဇာတ်လမ်းတွဲလေးဖြစ်ပြီး ဒါရိုက်တာ Wang Zhi က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Janice Wu, Ma Li, မင်းသား Zhao Zhi Wei, Zhang Yu Jian နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက Zhao Qiao Yi နဲ့ Yan Mo တို့ဟာ အထက်တန်းကျောင်း အတန်းဖော်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်တွင် တစ်ယောက်က အတန်းရဲ့ထိပ်တန်းကျောင်းသားဖြစ်ပြီး နောက်တစ်ယောက်ကတော့ အတန်းထဲမှာ စာညံ့တဲ့ကျောင်းသူဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကြားတွင် ခိုင်မာတဲ့နှောင်ကြိုးတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်ဟာ အထက်တန်းကျောင်းပြီးသွားရင် နိုင်ငံခြားတွင်ကျောင်းအတူတက်ဖို့ ကတိပြုခဲ့ကြပေမယ့် မျှော်လင့်မထားတဲ့ မိသားစုအခြေအနေကြောင့် Qiao Yi က အစီအစဉ်ကို နောက်ပြန်ဆုတ်တဲ့အခါမှာတော့ နှစ်ယောက်သား ကွဲကွာသွားခဲ့ကြပြီး နောက်ဆုံးမှာ အဆက်အသွယ်ပြတ်သွားခဲ့ကြပါတယ်။

လေးနှစ်အကြာမှာတော့ သူငယ်ချင်းဟောင်းတွေ ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Yan Mo အတွက် သူမရဲ့ခံစားချက်တွေကို လက်ခံလိုစိတ်ဖြင့် Qiao Yi က မြို့သို့ပြောင်းရွှေ့ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း သူတို့နှစ်ယောက်ကြားက ကျန်နေခဲ့တဲ့အရာတွေကို ပြန်လည်ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် Yan Mo ဆီမှာ ချစ်သူသစ်ရနေခဲ့ပြီဖြစ်ပြီး Qiao Yi ရဲ့ အချစ်က ရှုံးနိမ့်သွားပုံရပါတယ်။
တကယ်တမ်းမှာတော့ Yan Mo တစ်ယောက် သူ့ရဲ့သူငယ်ချင်းဟောင်းလေး သူမအပေါ်ထားတဲ့ခံစားချက်တွေကို မေ့လျော့နေခဲ့တာမဟုတ်ပဲ သူ့ရဲ့ခံစားချက်တွေကို လျှို့ဝှက်ထားဖို့ ရွေးချယ်ခဲ့တာပါ။ နောက်ကွယ်မှာတော့ Yan Mo ဟာ သူ့ရဲ့သူငယ်ချင်းကို စောင့်ရှောက်ဖို့အတွက် မမောမပန်းအလုပ်လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားကို ဘယ်လောက်ကြာကြာဖုံးကွယ်ထားနိုင်ပါ့မလဲ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဒီအတိုင်းပဲဆက်သွားရတော့မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။
ဉာဏ်ကြီးရှင် ချစ်သူမောင် (Le Coup de Foudre) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။