စစ်နတ်ဘုရားမ ဒေ့ဗ်စီနာ (Aarambh: Kahaani Devsena Ki) ဇာတ်လမ်းတွဲဟာ စိတ်ကူးယဉ် အိန္ဒိယသမိုင်းကြောင်း ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ 2017 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်လမ်းတွဲဟာ Dravidians နဲ့ Aryans လူမျိုးတို့ကြား ပြိုင်ဆိုင်မှုတွေကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက ရှေးခေတ်အိန္ဒိယတွင် Indus Valley ခေတ်ကျရှုံးပြီး Vedic age ခေတ်အစကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ကာ Dravidians နဲ့ Aryans လူမျိုးတို့ကြား စစ်ပွဲတွေကို သရုပ်ဖော်ထားပါတယ်။ Arambh တွင် Chamundi ရဲ့သမီးဖြစ်သူ Devasena က Aryans တို့ကိုတိုက်ခိုက်ရာတွင် Dravidians တို့ကို ဦးဆောင်ခဲ့ပါတယ်။ သူမဟာ စစ်မြေပြင်တွင် Varundev နဲ့ တွေ့ဆုံကာ Aryans လူမျိုးမှန်းသိရက်နဲ့ ချစ်မိသွားခဲ့ပါတယ်။ အချစ်နဲ့ စစ်ပွဲကြား သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။

စစ်နတ်ဘုရားမ ဒေ့ဗ်စီနာ (Aarambh: Kahaani Devsena Ki) ဇာတ်လမ်းတွဲကို ဒါရိုက်တာ Goldie Behl က ရိုက်ကူးထားတာဖြစ်ပြီး မင်းသမီး Karthika Nair နဲ့ မင်းသား Rajneesh Duggal တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။