Wednesday, October 4, 2023
HomeEntertainmentစစ်မှန်တဲ့ချစ်ခြင်းကို ဘယ်အရာကမှမတားဆီးနိုင်ကြောင်း ရိုက်ပြထားတဲ့ "အနမ်းဝိုင်"

စစ်မှန်တဲ့ချစ်ခြင်းကို ဘယ်အရာကမှမတားဆီးနိုင်ကြောင်း ရိုက်ပြထားတဲ့ “အနမ်းဝိုင်”

အနမ်းဝိုင် မြန်မာရုပ်ရှင်ဇာတ်ကားဟာ စာရေးဆရာမ ပုညခင်ရေးသားထားတဲ့ အမည်တူဝတ္ထုကို ဒါရိုက်တာအောင်မြတ်က ပြန်လည်ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အောင်ရဲလင်း၊ မင်းဦး၊ ဇော်ဦး၊ ကျော်ကျော်၊ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ မျိုးသန္တာထွန်း၊ ဝါဝါအောင်နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက ငွေကြေးချမ်းသာကြွယ်ဝတဲ့ ဒေါ်မမရှင်ရဲ့ မွေးစားသမီး လရိပ်အေးဟာ သမီးရင်းတစ်ယောက်လိုမျိုး ပြုစုပျိုးထောင်ခံခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်မမရှင်တွင် ကျန်းမာရေးချူချာလွန်းတဲ့ လင်းခိုင်ဆိုတဲ့ သားအရင်းတစ်ယောက် ရှိလို့နေတာဖြစ်ပြီး မကြာခဏဆိုသလို သွေးသွင်းဖို့ လိုအပ်တာဖြစ်ကာ သွေးလိုအပ်တဲ့အချိန်တိုင်း လရိပ်အေးက ကူညီပေးခဲ့ရတာ ဖြစ်ပါတယ်။ လရိပ်အေးတစ်ယောက် သူမအကူအညီပေးလိုက်တဲ့အခါတိုင်းမှာ ဒေါ်မမရှင်က သူမကိုအဖိုးတန်လက်ဆောင်တွေ ပေးလေ့ရှိတာပါ။

သူမရဲ့ဘဝကို အလျော်အစားတစ်ခုလို သဘောထားတဲ့ ဒီဘဝကြီးကို လရိပ်အေးတစ်ယောက် စိတ်ကုန်နေပေမယ့် ကျေးဇူးတရားတွေကိုငဲ့ညှာပြီး နေထိုင်ရှင်သန်နေခဲ့ရပါတယ်။ တစ်နေ့မှာတော့ လရိပ်အေးနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲသို့ သွားရောက်ခဲ့ကြပြီး မထင်မှတ်ပဲ မိုးသက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။

youtube.com

မိုးသက်က သူမကို အန္တရာယ်ရှိတဲ့အခြေအနေကနေ ကယ်တင်ခဲ့တာကြောင့် လရိပ်အေးက သူမရဲ့ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ကာ ဒေါ်မမရှင်ပိုင်ဆိုင်တဲ့ စပျစ်ခြံတွင် မထင်မှတ်ပဲ မိုးသက်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေငြိတွယ်မိရာက ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒေါ်မမရှင်က သူတို့ချစ်သူနှစ်ယောက်ကို အပြင်းအထန်ကန့်ကွက်ခဲ့ပြီး သူမရဲ့သား လင်းခိုင်နဲ့ပေးစားဖို့ စီစဉ်ပါတော့တယ်။

လရိပ်အေးတစ်ယောက် ကျေးဇူးတရားဆိုတဲ့ ခေါင်းစဉ်အောက်မှာ တကယ်ပဲ လင်းခိုင်ကို လက်ထပ်လိုက်ရတော့မလား။ သူတို့ချစ်သူနှစ်ယောက်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းတွေက ဒီနေရာမှာပဲ အဆုံးသတ်သွားကြမလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

‘အနမ်းဝိုင်’ အချစ်ဒရာမာ မြန်မာရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: