Wednesday, October 4, 2023
HomeEntertainmentဆေးကုသမှုမရတဲ့နေရာတွေကို သင်္ဘောတစ်စင်းဖြင့်လိုက်ကုသပေးတဲ့ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတဲ့ Hospital Ship

ဆေးကုသမှုမရတဲ့နေရာတွေကို သင်္ဘောတစ်စင်းဖြင့်လိုက်ကုသပေးတဲ့ဆရာဝန်တွေအကြောင်း ရိုက်ကူးထားတဲ့ Hospital Ship

Hospital Ship ကိုးရီးယားဇာတ်လမ်းတွဲဟာ မင်းသမီး Ha Ji Won နဲ့ မင်းသား Kang Min-hyuk တို့အဓိကပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Park Jae-bum က ရိုက်ကူးထားပြီး Yoon Sun-joo က ဇာတ်ညွှန်းရေးသားထားတာပါ။

ဇာတ်လမ်းပုံစံက ကျွန်းငယ်တစ်ဝိုက်တွင် ဆေးရုံသင်္ဘောဖြင့် ကျေးလက်ရွာတွေမှာနေထိုင်ကြတဲ့ ဒေသခံတွေကို ဆေးကုသပေးနေတဲ့ ဆရာဝန်လူငယ်တစ်စုရဲ့ အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Song Eun Jae ဆိုတဲ့ဆရာဝန်မလေးဟာ အရမ်းကိုထူးချွန်တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ဒီကျေးလက်ဒေသခံတွေရဲ့ ကျန်းမာရေးအတွက် သူမဟာ ဆေးရုံသင်္ဘောပေါ်တွင် လိုက်ပါကာ ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေကို လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

Pinterest

Song Eun Jae ဟာ ခွဲစိတ်ဆရာဝန်အဖြစ် အောင်မြင်မှုများစွာရရှိထားခဲ့သူတစ်ယောက် ဖြစ်ပေမယ့် သူမရဲ့မိသားစုဘဝတွင်လည်း ရုန်းကန်နေရသူတစ်ယောက် ဖြစ်ပါတယ်။ ကံဆိုးတဲ့အဖြစ်အပျက်တစ်ခုက သူမကိုနာမည်ကြီးဆေးရုံအစား သင်္ဘောပေါ်ကို ပို့ဆောင်ပေးခဲ့တာဖြစ်ကာ ခေါင်းမာလွန်းတဲ့ ကျေးလက်သက်ကြီးရွယ်အို လူနာတွေအပေါ် စိတ်ရှည်သည်းခံမှု နည်းပါးသူဖြစ်ပါတယ်။  

Kwak Hyun ကတော့ သူ့ရဲ့စီနီယာဆရာဝန် Song Eun Jae နဲ့ဆန့်ကျင်ဘက်ပုံစံဖြစ်ပြီး သူဟာ ကြင်နာတတ်ပြီး ချီးကျူးစရာကောင်းတဲ့ ဖခင်လက်အောက်တွင် ကြီးပြင်းလာသူဖြစ်တာကြောင့် လူတွေအပေါ် အမြဲတမ်းနွေးထွေးကြင်နာတတ်တဲ့ သူတစ်ယောက်ဖြစ်အောင် ကြိုးစားတတ်သူ ဖြစ်ပါတယ်။ သူက လူနာတွေကို ဆေးဖြင့်သာမက သူ့ရဲ့အပြုံးတွေဖြင့်လည်း ကုသပေးသူတစ်ယောက်ပါ။ Kwak Hyun ဟာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွင် Song Eun Jae ကို မယှဉ်နိုင်ပေမယ့်လည်း လူနာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အများကြီးပိုကောင်းမွန်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Kwak Hyun တွင်လည်း စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအချို့ ရှိနေခဲ့တာပါ။

pinterest

Kim Jae Geol ဟာ ဆေးဘက်ဆိုင်ရာနဲ့ပတ်သက်ပြီး ကြီးမားတဲ့မျိုးရိုးရှိသူဖြစ်ပြီး သူ့ရဲ့ဖခင်ဟာ လေးစားစရာကောင်းတဲ့ ဆရာဝန်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူက သူ့ရဲ့ထက်မြက်တဲ့ ညီဖြစ်သူကိုသာ အမြဲတမ်းသဘောကျဂုဏ်ယူနေခဲ့တာကြောင့် သားဖြစ်သူ Kim Jae Geol တစ်ယောက် အထီးကျန်သိမ်ငယ်မှုကို ခံစားနေရပါတယ်။ သူ့အဖေဟာ အနောက်တိုင်းဆေးပညာကို နှစ်သက်သူဖြစ်ပြီး Kim Jae Geol ကတော့ ဖခင်သဘောမတူတဲ့ကြားက အရှေ့တိုင်းဆေးပညာကို လေ့လာခဲ့ပါတယ်။ သူသင်္ဘောပေါ်ရောက်လာရတဲ့ ရည်ရွယ်ချက်ကတော့ ဖခင်ရဲ့လောင်းရိပ်ကနေ လွတ်မြောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးရုံသင်္ဘောပေါ်ကိုရောက်လာတဲ့အချိန်မှာ အရှေ့တိုင်းဆေးပညာကို အထင်အမြင်သေးပြီး စည်းကမ်းတင်းကျပ်ကာ စိတ်ခံစားချက်ကင်းမဲ့နေတဲ့ Song Eun Jae ရဲ့လက်အောက်တွင် တာဝန်ထမ်းဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် သူတို့တွေဟာ လူနာတွေကိုကုသဖို့အတွက် သူတို့ရဲ့ဆန့်ကျင်ဘက် အကျင့်စရိုက်တွေကို ဖယ်ထားရတာဖြစ်ပြီး အတူတူလုပ်ဆောင်ခြင်းက သူတို့ကို ပေါင်းစည်းဖို့ ဖြစ်လာစေခဲ့တာပါ။

လေးစားဖွယ်ဆရာဝန်တွေရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ Hospital Ship ကိုးရီးယားဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: