အဖြေမှန် စက်ရုပ်မလေး (AI.5YA) ဇာတ်လမ်းတွဲဟာ 2022 ခုနှစ်တွင်ထွက်ရှိလာခဲ့တဲ့ မလေးရှားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Afdlin Shauki နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ Aizam Syamsul Aksan တို့က ရိုက်ကူးထားတာဖြစ်ကာ Afdlin နဲ့ Christina Orow တို့က ဇာတ်ညွှန်းရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Zizan Razak, မင်းသမီး Mia Sara Shauki နဲ့ Afdlin ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားပြီး Viu streaming platform ကနေ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
Prank တစ်ခုကြောင့် သူ့ရဲ့လက်ထောက်ကိုဆုံးရှုံးလိုက်ရတဲ့ content creator တစ်ဦးဖြစ်တဲ့ Jehan ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဆုံးရှုံးလိုက်ရတဲ့လက်ထောက်အစား Jehan အတွက် ငွေကြေးထောက်ပံ့သူ Dato’ Soffar က ရုပ်ရှင်ရိုက်ကူးရာတွင်ကူညီရန် စွယ်စုံရ android စက်ရုပ်ကို စီစဉ်ပေးခဲ့ပါတယ်။

ဒါပေမယ့် Jehan မှာယူထားတဲ့ ရုပ်ရှင်ရိုက်ကူးမှုတွင် အသုံးပြုမယ့် android စက်ရုပ် AI.M4N အစား AI.5YA စက်ရုပ်က Jehan ဆီမှားယွင်းစွာ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဆီမှားယွင်းစွာ ရောက်ရှိလာခဲ့တဲ့ AI.5YA စက်ရုပ်ကို ရိုက်ကူးမှုတွင်အသုံးပြုနိုင်ဖို့ Jehan က ဒီစက်ရုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ AI.5YA ပါဝင်ထားတဲ့ Jehan ရဲ့ဗီဒီယိုဟာ လူတွေကြား ပျံ့နှံ့သွားခဲ့တဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။
သိပ္ပံစိတ်ကူးယဉ် ဟာသဇာတ်လမ်းလေး အဖြေမှန် စက်ရုပ်မလေး (AI.5YA) ကို https://www.viu.com/ott/mm/mya/all/ တွင် အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။