Wednesday, October 4, 2023
HomeEntertainmentဇနီးနှင့် ငယ်သူငယ်ချင်းအကြား ဗျာများရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း "Bahu Begum"

ဇနီးနှင့် ငယ်သူငယ်ချင်းအကြား ဗျာများရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း “Bahu Begum”

တော်ဝင်အရှုပ်တော်ပုံ (Bahu Begum) ဟာ အချစ်ဒရာမာ အိန္ဒိယရုပ်သံစီးရီးတစ်ခုဖြစ်ပြီး မင်းသား Arjit Taneja, မင်းသမီး Samiksha Jaiswal နဲ့ Diana Khan တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။

youtube.com

Bahu Begum ဟု လူသိများတဲ့ Razia Mirza (Simone Singh) ဟာ မိသားစုကို အုပ်ချုပ်နေသူတစ်ယောက် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်က သူမရဲ့သားဖြစ်သူ Azaan (Arjit Taneja) ဟာ ပညာသင်ရန် လန်ဒန်သို့ထွက်ခွါသွားခဲ့ပါတယ်။ မိခင် Razia ဟာ Azaan အိမ်ပြန်လာတဲ့အချိန်မှာ သူမရဲ့သူငယ်ချင်း Yasmin ရဲ့သမီးလေးလည်းဖြစ် သားဖြစ်သူရဲ့ ငယ်သူငယ်ချင်းမလေးလည်းဖြစ်တဲ့ Noor (Samiksha Jaiswal) နဲ့ လက်ထပ်ပေးရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သားဖြစ်သူပြန်ရောက်လာတဲ့အချိန်မှာတော့ သူနဲ့အတူ ချစ်သူကောင်မလေး Shayra ပါ အတူပါလာခဲ့ပြီး သူမကို မိခင် Razia နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Noor က သူမရဲ့လုပ်ဖော်ကိုင်ဖက် Faiz နဲ့ စေ့စပ်လိုက်ပါတယ်။ အစက Noor နဲ့လက်ထပ်ပေးမယ်လို့ စီစဉ်ထားတဲ့နေ့မှာပဲ Azaan က Shayra ကို လက်ထပ်ခဲ့ပါတယ်။

yutube.com

အဲဒီလိုနဲ့ နေလာခဲ့ရာ မထင်မှတ်ထားတဲ့ ကိစ္စရပ်တစ်ခုက အခြေအနေတွေကို ပိုရှုပ်ထွေးသွားစေခဲ့ပြီး Azzan ရဲ့ဖအေတူမအေကွဲညီ Adil ဟာ ကိုယ်ဝန်ဆောင် Shayra ကို ပြန်ပေးဆွဲခဲ့ပါတယ်။ Noor က Shayra ကိုကယ်တင်ရန် သွားခဲ့ပေမယ့် Shayra ဟာ ချောက်ကမ်းပါးတစ်ခုမှပြုတ်ကျကာ သေဆုံးသွားပြီလို့ ယူဆရပါတယ်။

ငါးနှစ်အကြာမှာတော့ Shayra ကို ဆုံးရှုံးခဲ့ရတာကြောင့် ဘဝကိုဖြစ်သလိုရှင်သန်နေခဲ့တဲ့ Azzan ကို Noor က အရင်အခြေအနေသို့ပြန်ရောက်အောင် ကြိုးစားဆွဲခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Azzan က ဘဝသစ်ကိုစတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး Noor ကို လက်ထပ်ဖို့တောင်းဆိုခဲ့ကာ သူမကလည်း လက်ခံခဲ့ပါတယ်။ ဒါပေမယ့် ကံကြမ္မာဆိုတာ အရမ်းကိုဆန်းကြယ်တာဖြစ်ပြီး Shayra တစ်ယောက် အသက်မသေဘဲ ပြန်ရောက်လာခဲ့ပါတယ်။ ရှုပ်ထွေးလှတဲ့ ဒီအခြေအနေကနေ သူတို့ဘယ်လိုမျိုးရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။  

တော်ဝင်အရှုပ်တော်ပုံ (Bahu Begum) အိန္ဒိယအချစ်ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: