Thursday, June 1, 2023
HomeEntertainmentတစ်ချိန်က နာမည်ကြီးခဲ့တဲ့ မြေခွေးလူသားဇာတ်လမ်းတွဲ "Gu Family Book"

တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မြေခွေးလူသားဇာတ်လမ်းတွဲ “Gu Family Book”

ဂူမျိုးနွယ်မှတ်တမ်း (Gu Family Book) ကိုးရီးယားဇာတ်လမ်းတွဲကို ဒါရိုက်တာ Shin Woo-chul နဲ့ Kim Jung-hyun တို့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး မင်းသား Lee Seung-gi နဲ့ မင်းသမီး Bae Suzy တို့ အဓိကပါဝင်ထားတဲ့ 2013 ခုနှစ်ထွက် ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

Pinterest.com

ဂူမျိုးနွယ်မှတ်တမ်း ဇာတ်လမ်းတွဲဟာ နန်းတွင်းဒရာမာ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး gumiho ဒဏ္ဍာရီအရ လူသားဖြစ်ခြင်းရဲ့လျှို့ဝှက်ချက်ပါရှိတယ်ဆိုတဲ့ ရာစုနှစ်များစွာ သက်တမ်းရှိနေပြီဖြစ်တဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေနေတဲ့ လူတစ်ဝက် မြေခွေးတစ်ဝက်ရဲ့ အကြောင်းကို တွေ့မြင်ရမှာပါ။ Choi Kang-Chi ဟာ လူတစ်ဝက် မြေခွေးတစ်ဝက်ဖြစ်ပြီး သူဟာပိုမိုကောင်းမွန်တဲ့ဘဝတွင် နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းမှုကိုရှာဖွေဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။

pinterest.com

ဤစိတ်ကူးယဉ်အချစ်ဒရာမာ နန်းတွင်းဇာတ်လမ်းတွဲတွင် မင်းသား Lee Seung-gi က ဇာတ်ကောင် Choi Kang-Chi အဖြစ်ပါဝင်ထားပြီး လူတစ်ဝက်မြေခွေးတစ်ဝက်ဖြစ်ပါတယ်။ မင်းသမီး Bae Suzy က Dam Yeo-wool အဖြစ် ပါဝင်ထားကာ ဖခင်ရဲ့ကျောင်းတွေ ကိုယ်ခံပညာနည်းပြတစ်ဦးအဖြစ် လုပ်ဆောင်နေပြီး လေးနဲ့မြားကျွမ်းကျင်သူအဖြစ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ဂူမျိုးနွယ်မှတ်တမ်း (Gu Family Book) စိတ်ကူးယဉ်ကိုးရီးယား ဇာတ်လမ်းတွဲလေးကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: