စိတ်၏အလိုဆောင်ရာ (Cheating Spouse) ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ ကိုယ့်ရဲ့လက်တွဲဖော် အိမ်ထောင်ဖက်အပေါ် ရိုးသားမှုရှိခြင်းက အိမ်ထောင်ရေးတစ်ခုရဲ့ အရေးကြီးဆုံးသော တန်ဖိုးတွေထဲက တစ်ခုဖြစ်ကြောင်းကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ရိုးသားမှုမရှိဘဲ လိမ်လည်လှည့်ဖြားမှုတွေရှိနေခြင်းက နောက်ဆုံးအဆုံးသတ်မှာ မိသားစုတစ်ခုလုံးကို ပြိုကွဲသွားစေနိုင်တယ်ဆိုတာကို ပြထားပါတယ်။

အမျိုးသားတွေနဲ့ ပရောပရည်လုပ်တတ်တဲ့ လူမှုဆက်ဆံရေးပိုင်းမှာ ဆရာကျတဲ့ အမျိုးသမီးနဲ့ သူမရဲ့ပြီးပြည့်စုံတဲ့ ခင်ပွန်း နောက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ အမျိုးသမီးနဲ့ အောင်မြင်မှုရဖို့အတွက် ဘာမဆိုလုပ်တတ်တဲ့ သူမရဲ့ခင်ပွန်းတို့ရဲ့ ဇာတ်လမ်းကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီစုံတွဲနှစ်တွဲဟာ အချစ်စက်ကွင်းတစ်ခုထဲမှာ အတူဆုံမိကြတဲ့အချိန်မှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးပုံစံကို ဖြစ်ပေါ်လာစေပြီး အိမ်ထောင်ရေးတစ်ခုရဲ့ ဆိုးရွားတဲ့အခြေအနေတွေကို ရောက်ရှိသွားစေတာပဲ ဖြစ်ပါတယ်။

အချစ်ဒရာမာဇာတ်လမ်းတွဲ စိတ်၏အလိုဆောင်ရာ (Cheating Spouse) ထိုင်းဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Nui Suttasit က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသား Arak Amornsupasiri, Anuwat Choocherdratana, မင်းသမီး Pattarasaya Kreursuwansiri နဲ့ Nicha Chokprajakchat တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး တခြားအနုပညာရှင်များစွာက ကူညီအားဖြည့်ပေးထားပါတယ်။
စိတ်၏အလိုဆောင်ရာ (Cheating Spouse) ထိုင်းဒရာမာဇာတ်လမ်းတွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။