Thursday, June 1, 2023
HomeEntertainmentဒေါ်လာတစ်သန်းကိုရဖို့ကြိုးစားကြမယ့် မိသားစုတစ်စုအကြောင်း "Million Dollar Family"

ဒေါ်လာတစ်သန်းကိုရဖို့ကြိုးစားကြမယ့် မိသားစုတစ်စုအကြောင်း “Million Dollar Family”

ဟောင်ကောင်ဟာ ဈေးကြီးတဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။ တချို့သောလူတွေအတွက် တိုက်ခန်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ အလုပ်များစွာကို လုပ်ကိုင်ရတတ်ပါတယ်။ Tang ဟာ သူ့ရဲ့ဘဝကို ပေါ့ပေါ့တန်တန်နဲ့ ရည်မှန်းချက်မရှိဘဲ နေထိုင်နေတဲ့ မိဘမဲ့တစ်ဦးဖြစ်ပြီး သူဟာ အစားအသောက်နဲ့ ကုန်စည်ပို့ဆောင်ရေးအပါအဝင် အလုပ်များစွာကို လုပ်ကိုင်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။

youtube.com

တစ်နေ့မှာတော့ သူဟာ တခြားသောသူတွေနဲ့အတူ ဇိမ်ခံအိမ်ကြီးဆီသို့ ပြောင်းရွှေ့နေထိုင်ရန်ဖိတ်ခေါ်တဲ့ နာမည်ကျော်စီးပွါးရေးလုပ်ငန်းရှင် Ms.Fok နဲ့ တွေ့ဆုံခဲ့ပါတယ်။ ခြောက်လတာကာလအတွင်းတွင် နေထိုင်သူအားလုံးဟာ တစ်ဦးနဲ့တစ်ဦး အတူယှဉ်တွဲနေထိုင်ရန်သင်ယူရမှာဖြစ်ပြီး Ms.Fok ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။

youtube.com

ခြောက်လတာကာလအတွင်း အသက်ရှင်ကျန်ရစ်သူတွေဟာ တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ တစ်သန်းရရှိမှာဖြစ်ပါတယ်။ ဆုရရှိဖို့ကို အားလုံးစိတ်အားထက်သန်နေကြပြီး အစပိုင်းမှာတော့ လူတိုင်းကအကောင်းဆုံး ကြိုးစားကြပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပြဿနာများစွာ ပေါ်ပေါက်လာခဲ့တာဖြစ်ကာ ဘယ်သူတွေက  ဒေါ်လာတစ်သန်းပိုင်ဆိုင်နိုင်မလဲဆိုတာကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။

Million Dollar Family ဇာတ်လမ်းတွဲတွင် Anson Lo, Jeffrey Ngai, Jeremy Lau နဲ့ တခြားသောသရုပ်ဆောင်တွေများစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။ ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Million Dollar Family ကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: