Wednesday, October 4, 2023
HomeEntertainmentနက်ရှိုင်းစစ်မှန်တဲ့ ထိုင်းအချစ်ဇာတ်လမ်းတွဲ Club Friday the Series 14: Love Tragedy (2022)

နက်ရှိုင်းစစ်မှန်တဲ့ ထိုင်းအချစ်ဇာတ်လမ်းတွဲ Club Friday the Series 14: Love Tragedy (2022)

အချစ်ကိုယုံကြည်တဲ့ ကောင်လေးတစ်ယောက်နဲ့ သူမ ချစ်မိတဲ့လူတိုင်းက သေခြင်းနဲ့တွေ့ကြုံရမယ်လို့ ထင်မှတ်နေတဲ့ ချစ်ရမှာကို ကြောက်နေတဲ့ မိန်းကလေးတစ်ယောက်..သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုက ဘယ်လိုတွေဖြစ်လာမှာလဲ။

Instagrram

သူနာပြုမလေး မွတ်ဟာ အတိတ်ကဒဏ်ရာတွေကြောင့် သူမရဲ့ရှေ့မှာ လူနာတစ်ယောက် သေဆုံးသွားတာကိုမြင်ရတိုင်း စိတ်ဒဏ်ရာကို ခံစားနေရတတ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူမချစ်မိသူတိုင်းက သေဆုံးရတတ်တယ်ဆိုတဲ့ ကံကြမ္မာကိုယုံကြည်နေတဲ့ မွတ်တစ်ယောက် အချစ်ကိုယုံကြည်တဲ့ တဝမ်ဆိုတဲ့ တိုက်ကွမ်ဒိုကစားသမားလေးနဲ့ ဆုံတွေ့မိတဲ့အချိန်မှာတော့ သူမ မချစ်ဖို့ တားမြစ်ထားတဲ့ကြားက အချစ်ဆိုတဲ့အရာတွင် နောက်တစ်ကြိမ်ကျရှုံးသွားမိခဲ့ပါတယ်။ တကယ်ရော သူမထင်ထားသလို သေခြင်းကံကြမ္မာက သူမတို့ချစ်ခြင်းအတွက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာမှာလား ဒါမှမဟုတ် စစ်မှန်တဲ့ချစ်ခြင်းက သေခြင်းကံကြမ္မာကို တွန်းလှန်နိုင်မှာလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဒရာမာ ထိုင်းဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။

Instagram

ဒီထိုင်းဒရာမာဇာတ်လမ်းတွဲတွင် အဓိကသရုပ်ဆောင်တွေအဖြစ် မင်းသမီး Nalinthip Sakulongumpai နဲ့ မင်းသား Pruk Panich တို့က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အချစ်ဇာတ်လမ်းတွဲကောင်းကောင်းကို သဘောကျတယ်ဆိုတဲ့ ပရိသတ်တွေအတွက် တကယ့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုဖြစ်ပါတယ်။ ကြမ္မာငင်ချစ်ခြင်း (Love Tragedy) ထိုင်းဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: