Lu Jia ဟာ သူမရဲ့ကျောင်းသူဘဝ အချိန်အများစုကို Xu Jia Xiu ရဲ့အာရုံစိုက်မှုကိုရရှိဖို့ စိတ်ကူးယဉ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့စိတ်ကူးယဉ်မှုတွေဟာ တစ်ဖက်သတ်ချစ်ခြင်းမေတ္တာအဖြစ်သာ လျှို့ဝှက်စွာတည်ရှိနေခဲ့ပါတယ်။ သူမရဲ့ခံစားချက်တွေကို ဒီလိုမျိုးပဲဆက်ပြီးလျှို့ဝှက်ထားနေရင် Jia Xiu နဲ့ သူမရဲ့ကြားကဆက်ဆံရေးဟာ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူးဆိုတာကို သဘောပေါက်တဲ့ Jia ဟာ တစ်ခုခုလုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

Jia က သူမရဲ့သတ္တိတွေကို စုဆောင်းပြီး စာတစ်စောင်ရေးခဲ့ပါတယ်။ ဘေးအခန်းထဲက အမြဲတမ်းတိတ်ဆိတ်နေတတ်ပြီး သူသတိမထားမိခဲ့တဲ့ ကောင်မလေး Jia ဆီကစာကို တွေ့တဲ့အခါမှာတော့ Jia Xiu တစ်ယောက် အံ့သြသွားခဲ့တာပါ။ Jia အပေါ်ဘာခံစားချက်မှ မရှိတာကြောင့် Jia Xiu က သူမကို အဖြေမပေးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် Jia တစ်ယောက် လုံးဝကျရှုံးတယ်လို့မဆိုနိုင်ဘဲ နှစ်တွေကြာသွားခဲ့ပေမယ့် Jia Xiu ဟာ တစ်ချိန်ကသူမခံစားချက်တွေကို ဝန်ခံရဲလောက်အောင် သတ္တိရှိခဲ့တဲ့ မိန်းကလေးအကြောင်းကို မကြာခဏ တွေးတောမိနေခဲ့ပါတယ်။

မတူညီတဲ့မြို့တွေမှာ နှစ်အတော်ကြာနေထိုင်ပြီးနောက် Jia ဟာ သူမရဲ့မွေးရပ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ ကံကြမ္မာက Jia နဲ့ Jia Xiu ကို ပြန်ဆုံစည်းပေးဖို့ ဆုံးဖြတ်ထားပုံပါပဲ။ ဒါပေမယ့် အရာအားလုံးဟာ အရင်ကနဲ့မတူတော့ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေက Jia Xiu ဖန်တီးခဲ့တဲ့ အကြောင်းအရာလေးတစ်ခုဟာ Jia ရဲ့နှလုံးသားကို မျှော်လင့်မထားတဲ့အပြောင်းအလဲတစ်ခု လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို Jia စတင်ခံစားမိလာခဲ့ပါတယ်။
နောက်ဆုံးမှာ သူတို့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုနိုင်ပြီး နှစ်ရှည်လများမေ့လျော့ခံထားရတဲ့ ချစ်ခြင်းမေတ္တာတွေက စတင်ပွင့်လန်းလာပါ့မလားဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။
ချစ်ခြင်းဆီသို့ အပြန်လမ်း (Way Back Into Love) ဇာတ်လမ်းတွဲတွင် မင်းသား Tang Xiao Tian, Wang You Jun နဲ့ မင်းသမီး Sun Qian တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Yang Huan က ရိုက်ကူးပုံဖော်ထားပါတယ်။ ချစ်ခြင်းဆီသို့ အပြန်လမ်း (Way Back Into Love) အချစ်ဟာသဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။