Black Season 2 မလေးရှားဒရာမာ ဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ် ဒရာမာအမျိုးအစားဖြစ်ပြီး မင်းသား Kamal Adli နဲ့ မင်းသမီး Siti Saleha တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ လူ့လောကသို့ထွက်ပြေးလာခဲ့တဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ခြေရာခံရှာဖွေနိုင်ဖို့ လုပ်ဆောင်နေတဲ့ Bunian တစ်ဦးရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Black ဟာ သူ့ရဲ့တာဝန်ကိုထမ်းဆောင်ရန်အတွက် Malik ဟုအမည်ရတဲ့ သေဆုံးသွားတဲ့ရဲတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲတွင်နေထိုင်ကာ သူလုပ်ဆောင်ရမယ့် မစ်ရှင်တွေအတွက် လုပ်ဆောင်သွားပုံကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှား ရိုးရာပုံပြင်တွေတွင် Bunian people သို့မဟုတ် Orang Bunian တွေဟာ ထူးခြားတဲ့စွမ်းအင်ရှိသူတွေမှလွဲပြီး လူသားအများစုမမြင်နိုင်တဲ့ သဘာဝလွန်သတ္တဝါတွေ ဖြစ်ကြပါတယ်။ သူတို့တွေကို အများစုက နတ်သူငယ်တွေဟု ခေါ်တွင်တတ်ကြပေမယ့် ပုန်းကွယ်နေသူများ ဒါမှမဟုတ် အချက်ပြနေသူများဟုလည်း ခေါ်တွင်တတ်ကြပါတယ်။

Black ဟုအမည်ပေးထားတဲ့ ထူးဆန်းနတ်သူငယ်နေရာမှာတော့ မင်းသား Kamal Adli က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မင်းသမီး Siti Saleha က ဇာတ်ကောင် Sofia Farid အဖြစ် ပါဝင်ထားတာဖြစ်ကာ Nabila Huda, Khir Rahman, Zoey Rahman, Juzzthin နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။
Viu original series တစ်ခုဖြစ်တဲ့ Black Season 2 လျှို့ဝှက်ဆန်းကြယ် မလေးရှားဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။