Alex ဟာ 18 နှစ်မပြည့်မီ လူပျိုရည်မပျက်ရဆိုတဲ့ မိခင်နဲ့အတူထားရှိထားတဲ့ကတိကို ဖောက်ဖျက်မိကာ မထင်မှတ်ထားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အသက် 17 နှစ်အရွယ် Alex ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့နေသူဖြစ်ပြီး ဘဝတွင် သူဝါသနာအပါဆုံး တစ်ခုတည်းသောအရာက ဓာတ်ပုံပညာပဲ ဖြစ်ပါတယ်။
သူ့ရဲ့အိမ်သူအိမ်သားတွေအားလုံးဟာ အမျိုးသားတွေဖြစ်ကြပြီး မိခင်ဖြစ်သူကတော့ မတော်တဆမှုတစ်ခုတွင် ဆုံးပါးသွားခဲ့ပါတယ်။ မိခင်မသေဆုံးခင်အချိန်က Alex ဟာ သတ်မှတ်ထားတဲ့အချိန်မတိုင်ခင်အထိ လူပျိုရည်မပျက်ဘဲ လူပျိုဘဝကိုသေချာထိန်းသိမ်းထားရမယ်ဟု ကတိထားခဲ့ကြပါတယ်။ ဒါပေမယ့် Alex တစ်ယောက် ဒီကတိကိုထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။

သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း See-ew နဲ့ Nim တို့ဟာ သူတို့ရဲ့အချိန်တွေကို အတူကုန်ဆုံးခဲ့ကြပြီးဖြစ်တာကြောင့် Alex တစ်ယောက်သာ သူ့ရဲ့လူပျိုဘဝကို ထိန်းသိမ်းထားနေရတာပါ။ ဒါကြောင့် သူဟာ Jedi ရဲ့အိမ်တွင် ပြုလုပ်မယ့်ပါတီပွဲတွင် သူ့ရဲ့လူပျိုဘဝကို အဆုံးသတ်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ကျောင်းတက်ကြွလှုပ်ရှားသူ Jean က ပါတီပွဲသို့ရောက်လာခဲ့ကာ သူမကြောင့် Alex က သူ့ရဲ့လူပျိုဘဝကို ဆုံးရှုံးသွားပုံရပါတယ်။ ဒါပေမယ့် ညနေခင်းက ပရမ်းပတာဆန်သွားခဲ့ပြီး Alex တစ်ယောက် ဘာကိုမှမမှတ်မိဘဲ နိုးလာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူဟာအသက် 27 နှစ်အရွယ် မီးယပ်အထူးကုနဲ့ လိင်ပိုင်းဆိုင်ရာကျွမ်းကျင်ဆရာဝန် တစ်ယောက်ဖြစ်နေခဲ့ပြီး သူဟာ အဲဒီနေ့ညက ပဟေဠိဆန်စွာဖြစ်ပျက်ခဲ့တဲ့ အရှုပ်အထွေးတွေကို အဖြေရှာရန်အတွက် အဲဒီနေ့ညမှာရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို အသုံးပြုဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ Alex တစ်ယောက် သူ့အတိတ်ကို တကယ်ပဲပြန်သွားနိုင်ပါ့မလား။
ကိုလူပျိုရဲ့ ပဟေဠိ(The Warp Effect) ဆိုတဲ့ ထိုင်းဇာတ်လမ်းတွဲလေးဟာ အချစ်ဟာသဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာ Ninew Pinya Chookamsri က ရိုက်ကူးပုံဖော်ထားကာ မင်းသား New Thitipoom Techa-apaikhun နဲ့ မင်းသမီး Fah Yongwaree Anilbol တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး တခြားသရုပ်ဆောင်များစွာက ကူညီပံ့ပိုးပေးထားပါတယ်။
ကိုလူပျိုရဲ့ ပဟေဠိ ထိုင်းဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပါပြီ။