Mr. Fighting တရုတ်ဇာတ်လမ်းတွဲဟာ နာမည်ကျော်ကြားမှု ပြန်လည်ရရှိနိုင်ရန် ကြိုးစားနေတဲ့ သရုပ်ဆောင်တစ်ဦးနဲ့ ကူညီဖေးမပြီး အချင်းချင်းနွေးထွေးမှုပေးကြတဲ့ လူတစ်စုရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
Hao Ze Yu ဟာ လွန်ခဲ့တဲ့ဆယ်နှစ်က စွမ်းရည်ပြိုင်ပွဲတစ်ခုတွင် ပွဲဦးထွက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ သက်လတ်ပိုင်းအရွယ် Niu Mei Li, အလုပ်လက်မဲ့ Fu Zi နဲ့ ဒရိုင်ဘာတစ်ဦးဖြစ်တဲ့ Fu Zi ရဲ့အဖေဖြစ်သူတို့နဲ့ ဆုံတွေ့ခဲ့ကာ အဖွဲ့တစ်ဖွဲ့ဖြစ်လာခဲ့တာပါ။

သူတို့သုံးယောက်ဟာ Hao Ze Yu ကို နာမည်ကြီးကြယ်ပွင့်တစ်ပွင့်အဖြစ် ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကံကြမ္မာက Hao Ze Yu ကို မျက်နှာသာမပေးခဲ့ဘဲ ဆက်တိုက်ဆိုသလို အဆင်မပြေမှုတွေက သူ့ရဲ့ကျော်ကြားမှုတွေကို ထိခိုက်ပျက်စီးစေခဲ့တာ ဖြစ်ပါတယ်။ Hao Ze Yu ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုကြား ရွေးချယ်မှုတွေကို ပိုမိုရှုပ်ထွေးစေပြီး သူတို့တည်ဆောက်ထားတဲ့ မိသားစုလေးဟာ ပြိုကွဲမယ့်အခြေအနေအထိ ဖြစ်လာခဲ့တာပါ။

တကယ်ပဲ Hao Ze Yu တစ်ယောက် အောင်မြင်ကျော်ကြားမှုကို ပြန်လည်ရရှိနိုင်မလား၊ သူ့ရဲ့အနီးဆုံးသူတွေနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေကြား ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ အချစ်ဟာသ မိသားစုဒရာမာဇာတ်လမ်းတွဲလေးဖြစ်တဲ့ Mr. Fighting တရုတ်ဇာတ်လမ်းတွဲကို ဒါရိုက်တာ Liu Xin က ရိုက်ကူးထားပြီး မင်းသား Han Tong Sheng, Deng Lun, မင်းသမီး Ni Hong Jie နဲ့ Ma Si Chun တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
Mr. Fighting တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။