Bei Li Li ဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့အမှားကြောင့် သူမရဲ့လုပ်ဖော်ကိုင်ဖက် လေးဦးရဲ့အလုပ်ကိုပါ ဆုံးရှုံးသွားစေခဲ့ပါတယ်။ သူမရဲ့မန်နေဂျာဖြစ်သူ Qiao Yi Qiao ဟာ သူတို့ကိုကူညီပေးပြီး ကုမ္ပဏီအသစ်ဖွင့်ဖို့ ခြေလှမ်းစတင်ခဲ့ပါတယ်။

သူတို့ဟာ ညစ်နွမ်းစုတ်ပြတ်နေတဲ့ လေးထပ်တိုက်တစ်လုံးကိုငှားရမ်းခဲ့ကာ ဒီနေရာတွင် တက်ကြွဖျတ်လတ်ပြီး ရိုးရှင်းတဲ့စိတ်ထားရှိသူ Yang Wei နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးရှိသူ ခြောက်ယောက်ပေါင်းစပ်ထားတဲ့ ဒီလုပ်ငန်းခွင်ဟာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထူထောင်ရန်အတူတကွ လုပ်ဆောင်ကြရင်း ဘယ်လိုမျိုးဟာသကိစ္စရပ်လေးတွေ၊ ပြဿနာလေးတွေဖြစ်လာမလဲဆိုတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

သဘာဝလွန် အချစ်ဟာသ တရုတ်ဇာတ်လမ်းတွဲ Miss Unlucky ဇာတ်လမ်းတွဲကို ဒါရိုက်တာ Jeffrey Chiang နဲ့ Qi Xiao Hui တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ Rachel Momo, Eric Wang နဲ့ Zhang Rui Han တို့က အဓိကပါဝင်သရုပ်ဆောင်ထားကာ တခြားသရုပ်ဆောင်များစွာကလည်း ကူညီအားဖြည့်ပေးထားကြပါတယ်။
ဘဝအမောတွေပြေစေမယ့် Miss Unlucky တရုတ်ဟာသ အချစ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။