Tuesday, October 3, 2023
HomeEntertainmentမျက်နှာဖုံးစွပ်မင်းသားရဲ့ အဖြစ်မှန်ကိုရှာဖွေဖို့ကြိုးစားမယ့်ဇာတ်လမ်း "The Emperor: Owner of the Mask"

မျက်နှာဖုံးစွပ်မင်းသားရဲ့ အဖြစ်မှန်ကိုရှာဖွေဖို့ကြိုးစားမယ့်ဇာတ်လမ်း “The Emperor: Owner of the Mask”

ပဟေဠိမျက်နှာဖုံး ပိုင်ရှင် (The Emperor: Owner of the Mask) ကိုးရီးယားဇာတ်လမ်းတွဲဟာ အချစ်ဟာသနန်းတွင်းဇာတ်လမ်းမျိုးဖြစ်ပြီး ဒါရိုက်တာ Noh Do-chul နဲ့ Park Won-gook တို့က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Yoo Seung-ho, Kim Myung-soo, Heo Joon-ho, Park Chul-min, မင်းသမီး Kim So-hyun နဲ့ Yoon So-hee တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

Instagram

ဂျိုဆွန်းမင်းဆက်တွင် ဘုရင်ကြီး Yi Yoon ရဲ့သားတော်လေး မွေးဖွားလာခဲ့ပါတယ်။ ဒါပေမယ့် သားတော်ရဲ့အသက်နဲ့ လဲလှယ်ရန်အတွက် ဘုရင်ကြီးဟာ ရေပေးဝေရေးစနစ်ကို အစိုးရအားထိန်းချုပ်ထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းဖြစ်တဲ့ Pyunsoo အုပ်စုသို့ လွှဲပြောင်းပေးရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Pyunsoo အုပ်စုရဲ့အန္တရာယ်မှကာကွယ်ရန်အတွက် ဘုရင်ကြီးဟာ သူ့ရဲ့သားတော်ကို မျက်နှာဖုံးစွပ်ပြီး တိတ်တဆိတ်ပြုစုပျိုးထောင်ခဲ့ပါတယ်။

16 နှစ်အကြာမှာတော့ အိမ်ရှေ့မင်းသား Yi Sun ဟာ လေးစားဖွယ်ကောင်းတဲ့ လူငယ်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တာဖြစ်ကာ သူမွေးဖွားလာကတည်းက မျက်နှာဖုံးစွပ်ထားရတဲ့ အကြောင်းအရင်းကိုသိရဖို့ မြို့ပေါ်သို့ တိတ်တဆိတ်ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီအကြောင်းအရင်းကို သိနိုင်မယ့် ဆရာကြီး Woo Bo နဲ့ တွေ့ဆုံဖို့ပဲ ဖြစ်ပါတယ်။

Instagram

အဲဒီနောက်မှာတော့ အိမ်ရှေ့မင်းသား Yi Sun ဟာ အရာရှိကြီးတစ်ဦးရဲ့ သမီးတော် Han Ga-eun နဲ့ Lee Sun  ဆိုတဲ့ လူငယ်တို့နဲ့တွေ့ဆုံကာ ရင်းနှီးသွားခဲ့ကြပါတယ်။ လျှို့ဝှက်အဖွဲ့အစည်း Phyunsoo အုပ်စုဟာ ဘုရင်ကြီး Yi Yoon ကို လုပ်ကြံသတ်ဖြတ်ခဲ့ပေမယ့် အိမ်ရှေ့မင်းသား Yi Sun ကတော့ လွတ်မြောက်ခဲ့ပါတယ်။ Phyunsoo အုပ်စုက ဘုရင်အတုကို နန်းတင်ကာ ဘုရင်နဲ့အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို မြင်တွေ့ခဲ့ရတဲ့ အိမ်ရှေ့မင်းသားဟာ Phyunsoo အုပ်စုကိုတိုက်ခိုက်ပြီး ထီးနန်းကိုပြန်လည်ရယူရန် တိုက်ခိုက်ပုံကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

ပဟေဠိမျက်နှာဖုံး ပိုင်ရှင် (The Emperor: Owner of the Mask) ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES
- Advertisment -

Most Popular

%d bloggers like this: